AD
AD
AD

ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ စတီဖင်စ်


ယခုနှစ် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ နိုင်ခြေအဆင့် သတ်မှတ်ခံရခြင်းမရှိတဲ့ ဆလိုအာနီ စတီဖင်စ်က မက်ဒီဆန်ကီးစ်ကို အနိုင်ရရှိကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၈၃ မှာ ရပ်တည်နေတဲ့ စတီဖင်စ်က ယူအက်စ်အိုးပင်းမှာ နိုင်ခြေအဆင့် ၁၅ အဖြစ် သတ်မှတ်ခံထားရသူ ကီးစ်ကို ၆-၃၊ ၆-၀ ဖြင့် ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

play
၂၀၁၇ ခုနှစ် ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ချန်ပီယံ စတီဖင်စ်


အသက် ၂၄ နှစ်အရွယ် အမေရိကန်တင်းနစ်မယ် စတီဖင်စ်ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ခြေထောက် ဒဏ်ရာရခဲ့ပြီးနောက် ၁၁ လကြာ တင်းနစ် မကစးနိုင်ခဲ့ဘဲ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၉၅၇ အထိ ရောက်ရှိသွားခဲ့ပါတယ်။

play
အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြသည့် စတီဖင်စ်နဲ့ကီးစ်


စတီဖင်စ်ဟာ ဂရင်းဆလင်းအဆင့်ပြိုင်ပွဲ ချန်ပီယံဆုကို နိုင်ခြေအဆင့် သတ်မှတ်ခံရခြင်းမရှိဘဲ ရရှိခဲ့တဲ့ ပဉ္စမမြောက် တင်းနစ်မယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခုနှစ် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ အမေရိကန်တင်းနစ်မယ် ၂ ဦး တွေ့ဆုံယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


စတီဖင်စ်နဲ့ ကီးစ်တို့ဟာ တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းဆလင်းအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ အလွန်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။

play
ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် မိခင်ဖြစ်သူနှင့်အတူ တွေ့ရသည့် စတီဖင်စ်


"ကျွန်မ ဇန်နဝါရီလထဲမှာ ခွဲစိတ်ကုသခဲ့ရပါတယ်၊ တစ်ကယ်လို့ တစ်ယောက်ယောက်ကသာ ယူအက်စ်အိုးပင်းမှာ ချန်ပီယံဆုရမလား မေးလာခဲ့ရင် ကျွန်မ မဖြစ်နိုင်ဘူးလို့ ပြောခဲ့မိမှာပါ၊ ကီးစ်က ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါ၊ ဒီပွဲကို သရေပွဲဖြစ်ဖို့ ဆုတောင်းတယ်လို့ ကျွန်မ သူ့ကို ပြောခဲ့ပါတယ်" လို့ စတီဖင်စ်က ဆိုပါတယ်။

play
မက်ဒီဆန်ကီးစ်


သူမရဲ့ သူငယ်ချင်းလည်းဖြစ်သူ ကီးစ်ကလည်း "စတီဖင်စ်က ကျွန်မ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ပါ၊ သူနဲ့ တင်းနစ်ကစားရတာ အရမ်းမိုက်ပါတယ်၊ ကျွန်မ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး၊ စတီဖင်စ်အတွက် ဒီချန်ပီယံဆုက သိပ်ကို ထိုက်တန်ပါတယ်" လို့ ပြောပါတယ်။

play
ဆုကြေး ပေါင်စတာလင် ၂.၈၄ သန်း ချက်လက်မှတ်နှင့် စတီဖင်စ်


ယူအက်စ်အိုးပင်းချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ စတီဖင်စ်က ဆုကြေးငွေ ပေါင်စတာလင် ၂.၈၄ သန်း ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကိုတော့ တနင်္လာနေ့ (စက်တင်ဘာ ၁၁ ရက်) မြန်မာစံတော်ချိန် မနက် ၂း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD