AD
AD
AD

မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ တင်းနစ်ပြိုင်ပွဲမှ တားမြစ်ခံထားရတဲ့ ရုရှားတင်းနစ်မယ် ရှာရာဗိုဗာဟာ တိုင်ကျင်း အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားကို ပထမဆုံး ပြန်လည်ကစားတဲ့ ပြိုင်ပွဲမှာပင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

ရှာရာဗိုဗာအနေနဲ့ ဧပြီလကတည်းက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခြင်း ခံထားရခြင်းမှ ကင်းလွတ်ခွင့်ရထားခဲ့သော်လည်း ယခု အောက်တိုဘာလအတွင်းကျင်းပတဲ့ တိုင်ကျင်းအိုးပင်း ပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ဘီလာရုစ် တင်းနစ်မယ်ဆာဘလန်ကာကို ရမှတ် ၇-၅၊၇-၆ နဲ့ အနိုင်ယူဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အသက် ၃၀ ရှိပြီဖြစ်တဲ့ ရုရှားတင်းနစ်မယ် ရှာရာဗိုဗာအနေနဲ့ ဂရင်းဆလန်း ချန်ပီယံဆုကို ၅ကြိမ်ရယူထားနိုင်သူဖြစ်ပြီး ယခုကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ချန်ပီယံ ပြန်လည် ဖြစ်ခဲ့ခြင်းဟာ ၂၉ လ အကြာမှာမှ ပထမဆုံး ချန်ပီယံ ပြန်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ရှာရာဗိုဗာအနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့ တွေ့ရှိခဲ့ရတာကြောင့် ၁၅ လကြာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခြင်း ခံထားခဲ့ရတာကြောင့် ပြင်သစ်အိုးပင်း ပြိုင်ပွဲအပါအ၀င် ဒဏ်ရာကြောင့်လည်း ၀င်ဘယ်လ်ဒန်ပြိုင်ပွဲကို လွဲချော်ထားရပါတယ်။

Postby

Source- the guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD