play

 

ရော်ဂျာဖက်ဒါရာဟာ ယခုနှစ်အတွင်းမှာ သြစတေးလျအိုးပင်းပြိုင်ပွဲနဲ့ ၀င်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဖက်ဒါရာဟာ ကြံ့ခိုင်မှုအပြည့်အဝရရှိမှ ပြန်လည်ကစားမှာဖြစ်တယ်လို့ ဆိုပေမယ့် ၂၀၁၈ အတွင်း ပါဝင်ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကိုတော့ အသေးစိတ်အစီအစဉ် ကြိုတင်ရေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

“ကျွန်တော့်အနေနဲ့ ဆက်ပြီးတော့ အချိန်ကြာကြာကစားဖို့ ရည်ရွယ်ထားပါတယ်။ နောက်ထပ် နှစ်အနည်းငယ်လောက်အထိပေါ့။ ဖြစ်နိုင်ရင် နောက်ထပ်(၁၀)နှစ် လောက်အထိ ကစားချင်ပါတယ်။ သြစတေးလျအိုးပင်းနဲ့ ၀င်ဘယ်ဒန်ပြိုင်ပွဲတွေကလည်း အရေးကြီးပါတယ်။ ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြန်ရတဲ့အချိန်မှ တင်းနစ်ကွင်းထဲကို ပြန်သွားမှာပါ။ တခြား ကစားသမားတွေဖြစ်တဲ့ ဂျိုကိုဗစ်၊ အန်ဒီမာရေး၊ စတန်ဝါရင်ကာ၊ နီရှီကိုရီ တို့လည်း ဘယ်လိုပုံစံနဲ့ ပြန်လာမလဲဆိုတာကို သိချင်နေမိပါတယ်။ ဒဏ်ရာအခြေအနေတွေက သူတို့ကိုလည်း သက်ရောက်မှုရှိစေမှာပါ။ အားလုံးမဟုတ်တောင် တစ်ယောက်ယောက်ကတော့ သက်ရောက်မှုရှိမှာပါ။ ရလဒ်ကတော့ နိုင်ပွဲထက် ရှုံးပွဲက ပိုများနိုင်ပါတယ်။ ၂၀၁၇ ကလို ဒဏ်ရာပြသနာတွေ ထပ်မရှိတော့ဖို့ မျှော်လင့်ပါတယ်။ ပိုကောင်းတဲ့အခြေအနေတွေပြန်ရဖို့ မျှော်မှန်းထားပေမယ့် ကျွန်တော့်အတွက် ပိုခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။ ၂၀၁၈ မှာ အောင်မြင်မှုတွေ ပြန်ရခဲ့မယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရမှာပါ”လို့ ဆိုပါတယ်။

play

 

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖက်ဒါရာဟာ နှစ်စဉ်ကျင်းပတဲ့ ဂရန်းစလန်းပြိုင်ပွဲမှာ တစ်ဦးချင်းဆုကို ၁၉ ကြိမ်အထိ ရယူထားပြီး တင်းနစ်သမိုင်းတစ်လျှောက်မှာ အကြိမ်ရေအများဆုံးရရှိတဲ့ အမျိုးသားကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source & Photos: Sport24

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video