AD
AD
AD

ဧပြီ (၆) ရက်၊ သောကြာနေ့ညနေပိုင်းမှာ ကနေဒါနိုင်ငံမှ လူငယ်ဟော်ကီအသင်းတစ်သင်းရဲ့ ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် ဘတ်စ်ကားပေါ် လိုက်ပါလာသူ (၁၅) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဘတ်စ်ကားဟာ ပြင်းပြင်းထန်ထန် တိုက်မိခဲ့ပြီးတော့ ကနေဒါအားကစားအဖွဲ့အစည်းအတွင်း ဖြစ်ပွားခဲ့တဲ့ မတော်မဆမှုတွေထဲမှာ အဆိုးဝါးဆုံးမတော်မဆဖြစ်မှုလည်း ဖြစ်ခဲ့ပါတယ်။

play

 

ယာဉ်မတော်မဆဖြစ်မှုကြောင့် (၁၅)ဦး သေဆုံးခဲ့ရတဲ့ သတင်းကို ကြားမိချိန်မှာ လူတော်တော်များများဟာ တုန်လှုပ်ခြောက်ခြားခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။ ဟမ်းဘော့ဒ်ဘရွန်ကိုစ် လို့ အမည်ရ ဟော်ကီအသင်းဟာ ပြိုင်ပွဲကစားဖို့အတွက် သွားရောက်ခဲ့ပြီးနောက် မတော်မဆဖြစ်ခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် ညနေ (၅) နာရီမှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

play

 

မော်တော်ယာဉ်ရဲ့ ခေါင်းပိုင်းနဲ့ နောက်ပိုင်းဟာ တကွဲတပြားစီ ဖြစ်သွားတဲ့အထိကို ပြင်းထန်ခဲ့ပြီးတော့ အဝေးပြေးလမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပြီး သူ့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထား တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ရဲတပ်ဖွဲ့က ယာဉ်မောင်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဘူးလို့လည်း သတင်းများက ဖော်ပြခဲ့ပါတယ်။

play

 

ဘတ်စ်ကားပေါ်မှာတော့ ယာဉ်မောင်းအပါအ၀င် စုစုပေါင်း (၂၉) ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး အသင်းရဲ့ နည်းပြ၊ အသင်းခေါင်းဆောင်တို့ဟာ သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သတင်းဌာနများက ကြေငြာခဲ့ပါတယ်။ ဟမ်းဘော့ဒ်ဘရွန်ကိုစ် ဟော်ကီအသင်းရဲ့ လူငယ်အသင်းဖြစ်ပြီး သေဆုံးသူတွေထဲမှာ ညီအစ်ကို (၃) ဦးဟာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီအဖြစ်အပျက်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၀မ်းနည်းစကားပြောကြားခဲ့ပြီး ဟော်ကီအသင်းရဲ့ ဖြစ်ရပ်အတွက်လည်း လူပေါင်းများစွာက လွမ်းသူ့ပန်းခွေများ၊ အသင်းဂျာစီများကို အမှတ်တရလာရောက် ထားရှိခဲ့တယ်လို့ သိရပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD