မစ်ဒယ်ဝိတ်ခါးပတ်အတွက် ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံကွင်းကြီးမှာ ကျင်းပပြုလုပ်တဲ့ Quest For Gold ပြိုင်ပွဲကြီးမှာ မြန်မာ့စပါးအုံးအောင်လအန်ဆန်က ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆုချန်ပီယံ အလက်ဇန္ဒားမာချာဒိုကို ပထမဆုံးအချီ ၅၆ စက္ကန့်မှာ ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ အနိုင်ယူခဲ့ပြီး ONE လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။


 

လာမယ့်ဇွန်လ ၂၉ ရက်နေ့မှာတော့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့အတွက် မွေးရပ်ဇာတိ မြန်မာနိုင်ငံကို တကျော့ပြန်လာပြီး စိန်ခေါ်သူ ဂျပန်နိုင်ငံရဲ့ထိပ်တန်းအဆင့် ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ခန်းဟဆဲ့ဂါဝါနဲ့ ထိုးသတ်သွားရမှာဖြစ်ပါတယ်။

 

ခန်းဟဆဲ့ဂါဝါက ဘယ်သူလဲ

 

ခန်းဟဆဲ့ဂါဝါဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့နံပါတ်တစ် မစ်ဒယ်ဝိတ် လက်ဝှေ့သမားဖြစ်ပြီး ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တာကဟိရိုဥဂဂျင်းနဲ့ထိုးသတ်ခဲ့တဲ့ Kingdom Ehrgeiz ပြိုင်ပွဲမှာ စတင်ခဲ့ပါတယ်။

 

ခန်း ဟဆဲ့ဂါဝါရဲ့ MMA ပြိုင်ပွဲမှတ်တမ်းကတော့ ၁၆ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေရလဒ်ပိုင်ဆိုင်ထားပြီး တိုက်ခိုက်မှုပုံစံကတော့ ချုပ်ကွက်အပြင် လက်သီးတွဲလုံးတွေကိုပါ အသုံးပြုပြီး ထိုးသတ်လေ့ရှိကြောင်း အနိုင်အရှုံးမှတ်တမ်းတွေအရ သိရပါတယ်။ ခန်း ဟဆဲဂဝ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်ကတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ DEEP 82 Impact ပြိုင်ပွဲအဖြစ် ဂင်းပဲဟာရရှိနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ပထမအချီ ၃ မိနစ်နဲ့ ၉ စက္ကန့်မှာ ချုပ်ကွက်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ခန်းဟဆဲ့ဂါဝါနဲ့ထိုးသတ်ရမယ့်ပွဲစဉ်အပေါ် အောင်လရဲ့အမြင်

 

သူက မစ်ဒယ်ဝိတ်တန်းဖြစ်သလို ဂျပန်နိုင်ငံရဲ့ နံပါတ်တစ်ပါ။ နံပါတ်တစ်ဖြစ်နေရတဲ့အကြောင်းအရင်းကလည်း ရှိပါတယ်။ သူက DEEP ချန်ပီယံဖြစ်ပြီး ဒိုင်ပွဲရပ်ရော၊ ချုပ်ကွက်တွေနဲ့ပါ အနိုင်ယူနိုင်တဲ့သူပါ။ အရမ်းကို စိတ်လှုပ်ရှားရမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ သူ့အနေနဲ့ ၁၆ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး ဟဲဗီးဝိတ်တစ်ယောက်လို ပြင်းပြင်းထန်ထန်တိုက်ခိုက်တတ်တဲ့သူတစ်ယောက်ပါ။ သူက အန္တရာယ်ရှိတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်ပြီး ခင်ဗျားအနေနဲ့ သူ့ကို အလွတ်ပေးလို့မရပါဘူး။

 

ONE Championship ပွဲဦးထွက်ပွဲစဉ်မှာ မထင်မှတ်တာတွေ ခန်းဟဆဲ့ဂါဝါ လုပ်ပြနိုင်မှာလား

 

ဂျပန်လူမျိုးကိုယ်ခံပညာရှင်ဖြစ်တဲ့ ခန်းဟဆဲ့ဂါဝါအနေနဲ့ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံကွင်းကြီးမှာ ကျင်းပမယ့် ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကြီးမှာ ONE Championship လှောင်အိမ်ထဲကို ပထမဆုံးခြေချရမှာဖြစ်သလို မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်သွားရမှာလည်းဖြစ်ပါတယ်။ ခန်းဟဆဲ့ဂါဝါဟာ ပွဲဦးထွက်ပွဲစဉ်မှာပဲ လက်ရှိကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့တာဖြစ်ပြီး တကယ်လို့ ခန်းဟဆဲဂဝသာ အနိုင်ရရှိသွားမယ်ဆိုရင် တစ်ပွဲတည်းထိုးသတ်ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်သွားမယ့် သဘောဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့အကောင်းဆုံး MMA ဖိုက်တာလို့ သတ်မှတ်ထားခြင်းခံရတဲ့ ခန်းဟဆဲဂဝဟာ ချုပ်ကွက်၊ လက်သီး တွဲလုံးတွေကို မျှတအောင် အသုံးပြုနိုင်ပြီး ပထမဆုံးအချီမှာ ပြိုင်ဘက်ကို ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိထားတဲ့မှတ်တမ်းတွေကြောင့် အောင်လအန်ဆန်နဲ့ စိန်ခေါ်ထိုးသတ်မယ့်ပွဲစဉ်မှာ ပထမအချီကတည်းက ကြည့်ကောင်းမှာ သေချာပါတယ်။

 

မစ်ဒယ်ဝိတ်ခါးပတ်စိန်ခေါ်ပွဲအတွက် ခန်းဟဆဲ့ဂါဝါရဲ့ ပြောစကား

 

ပရော်ဖက်ရှင်နယ်ကိုယ်ခံပညာရှင်တစ်ယောက်အဖြစ် ၈ နှစ်ကြာ အောင်မြင်စွာဖြတ်သန်းပြီးတဲ့နောက်မှာ ကျွန်တော့်ဘဝရဲ့နောက်ထပ်အဆင့် တစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော့်အတွက် ဘာတွေသိုလှောင်ထားလဲမသိတဲ့အရာအတွက် စိတ်လှုပ်ရှားရတာ မရှိနိုင်တော့ပါဘူး။ ကျွန်တော့်ရဲ့ စွမ်းရည်တွေကို တစ်ကမ္ဘာလုံးသိအောင် ပြသဖို့အခွင့်အရေးပေးခဲ့တဲ့ ONE Championship ကို အရမ်းကျေးဇူးတင်ပါတယ်။ မစ်ဒယ်ဝိတ်ခါးပတ်စိန်ခေါ်ပွဲအနေနဲ့ အောင်လအန်ဆန်နဲ့ ရင်ဆိုင်ရမှာကို ဂုဏ်ယူမိပါတယ်။ သူ ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အောင်ပွဲဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော့်လက်တွေက မစ်ဒယ်ဝိတ်ချန်ပီယံ အသစ်တစ်ယောက်အဖြစ်နဲ့ မြှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

မြန်မာ့စပါးအုံးအောင်လအန်ဆန်ဟာ မြန်မာနိုင်ငံမှာ လာရောက်ထိုးသတ်ခဲ့တဲ့ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင် ထိုးသတ်နိုင်ခဲ့သူဖြစ်ပြီး ဗစ်တာလီဗစ်ဒက်ရှ်၊ အလိန်းအန်ဂါလာနီ၊ အလက်ဇန္ဒားမာချာဒိုတို့ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်ချန်ပီယံ၊ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ၂ ခုကို ပိုင်ဆိုင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က