AD
AD
AD

မြန်မာ လက်ခမောင်းက wlc-5 ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ ဇွန်လ ၂ ရက်နေ့မှာတော့ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ မိုးလုံလေလုံး အားကစားကွင်းအတွင်း ကျင်းပခဲ့ပါတယ်။

play

 

အမျိုးသမီးတွဲဆိုင်း တစ်ပွဲအပါအ၀င် တွဲဆိုင်း ၇တွဲပါဝင်ခဲ့ပြီး ပထမဆုံး ထိုးသတ်ခဲ့တဲ့ စောထူးအောင်နဲ့ လက် သီးမိုးတို့ရဲ့ လိုက်ဝယ်တာဝိတ်တန်း ၅ ချီစိန်ခေါ်ပွဲမှာတော့ နှစ်ဦးသား သက်လုံကောင်းကောင်းနဲ့ ထိုးသတ်ခဲ့ပြီး အနိုင်အရှုံးအဖြေမပေါ်ခဲ့တာကြောင့် အမှတ်နဲ့ ဆုံးဖြတ်ခဲ့ရာမှာတော့ စောထူးအောင်က အနိုင်ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယပွဲစဉ်အဖြစ် မြန်မာမှ မိုက်ရိုင်းနဲ့ ပေါ်တူဂီမှ အန်တိုနီယို ဖာရီရာတို့ ပွဲစဉ်မှာလည်း မြန်မာ့ လက်ဝှေ့ကို ကောင်းကောင်းလေ့လာထားတဲ့ အန်တိုနီယိုကြောင့်ပွဲက ထင်ထားတာထက်ပိုပြီး အကြိတ်အနယ် ရှိခဲ့ပြန်ပါတယ်။ တံတောင်တိုက်ကွက်တွေနဲ့ အသားပေး ထိုးသတ်ခဲ့တဲ့ အန်တိုနီယိုကြောင့် အနည်းငယ် အရပ် နိမ့်တဲ့ မိုက်ရိုင်း အထိနာခဲ့ပြီး ဒုတိယအချီမှာတော့ ဘယ်ဖက် မျက်ခုံးကွဲခဲ့ပါတယ်။

play

 

တတိယအချီမှာတော့ မြန်မာမှ မိုက်ရိုင်းကို ဆရာဝန်က ဆက်လက်ထိုးသတ်ခွင့်မပြုတော့ပဲ အနီထောင့်မှ ထိုးသတ်ခဲ့တဲ့ အန်တိုနီယိုကို အနိုင်သတ်မှတ်ပေးခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ အန်တိုနီယိုရဲ့ သေချာလေ့လာစည်းပူးထားတဲ့ မြန်မာ့လက်ဝှေ့ပညာကို မြင်တွေ့ခဲ့ရပြီး တံတောင်တိုက်ကွက်တွေနဲ့ ပွဲသိမ်းနိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။

play

 

ယခုတစ်ခေါက်ပွဲစဉ်မှာလည်း ထပ်မံ ပါဝင်လာခဲ့တဲ့ အမျိုးသမီး ပွဲစဉ်မှာတော့ wlc-4 မှာ မြန်မာမှ ရွှေစင်ကို အနိုင်ယူထားခဲ့တဲ့ ကမ္ဘောဒီးယားမှ နိုဆရီပေါ့ကပင် မြန်မာမှအသက်၁၉နှစ်အသာရှိသေးပြီး အတွေ့အကြုံ နုနယ်သေးတဲ့ ရွှေနဒီကို ၃ချီပြည့်ကစားပြီးအမှတ်နဲ့ အနိုင်ယူခဲ့ ပြန်ပါတယ်။

ထပ်မံပြီး ပွဲစဉ်-၄ မှာတော့ သပြေညိုနဲ့ ဖိုးလပြည့်တို့ ထိုးသတ်ခဲ့ရာမှာတော့ ဒုတိယအချီမှာပင် သပြေညိုရဲ့ လက်သီးချက်က ဖိုးလပြည့်ကို ဒိုင်ပွဲပြတ်ဖြင့် အရှုံးပေးစေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လူငယ်သွေးသစ်နဲ့ ၀ါရင့် ကစားသမားတို့ တွေ့ဆုံရာမှာတော့ ၀ါရင့်တဲ့ သပြေညိုက အသာစီးရယူထိုးသတ်ခဲ့ တာဖြစ်ပြီး သပြေညိုရဲ့ အရှိန်အ၀ါကို ဖိုးလပြည့် အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

စူပါမစ်ဒယ်ဝိတ်တန်း ပွဲစဉ်မှာတော့ သြစတြေးလျက မိုက်ကယ် ဘာတာဒိုနဲ့ စောငမန်းတို့ ထိုးသတ်ခဲ့ကြပြီး ဒုတိယအချီမှာ စောငန်းမန်း အမှတ်စဉ်ရေခံခဲ့ရသလို ဒုတိယအချီမှာပင် မိုက်ကယ်ဘာတာဒို ညာဖက်လက် ဒဏ်ရာရခဲ့ပြီး လက်တစ်ဖက်တည်း အားပြုပြီး ဆက်လက်ထိုးသတ်ခဲ့ပါတယ်။

play

၅ ချီပြည့်သည်အထိ ထိုးသတ်ခဲ့ကြပြီး အမှတ်စဉ်ဖြင့် အနိုင်ပေးခဲ့ရာမှာတော့ စောငမန်းက အနိုင်ရရှိခဲ့ပြီး ယခုပွဲ အရှုံးကြောင့် မိုက်ကယ်ဘာတာဒိုအတွက်တော့ မြန်မာပြည်မှာ လာရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ၂ ပွဲဆက် အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ပညာသည်နှစ်ဦး ထိုးသတ်ခဲ့တဲ့ အခုပွဲမှာ ရသစုံလင်စွာ ပေးစွမ်းနိုင်ခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ် ခဲ့ပါတယ်။

ဒုတိယခေါင်ပွဲအဖြစ် လိုက်ဝယ်တာဝိတ်တန်း ရွှေခါးပတ်ချန်ပီယံလုပွဲကြီးမှာတော့ တောင်ကလေးက စောဒါဝိတ် နဲ့ သထုံ ၉ က ကျော်ဇင်လတ်တို့ ရင်ဆိုင် ထိုးသတ်ခဲ့ပြီး ပထမအချီမှာပင် ကျော်ဇင်လတ် အမှတ်စဉ်ရေတွက်ခံ ခဲ့ရပါတယ်။

မကြာခင်မှာပဲ ကျော်ဇင်လတ်က အရပ်အမောင်းအားပြုပြီး တံတောင်တိုက်ကွက်ဖြင့်ပြန်လည်ရင်ဆိုင်ထိုးသတ်ခဲ့ ရာမှာတော့ စောဒါဝိတ် နဖူးကွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်က ဆက်လက်ထိုးသတ်ခွင့်ပြုခဲ့ပါ တယ်။ ဒုတိယအချီမှာတော့ စောဒါဝိတ်ရဲ့ ပါဝါ လက်သီးကြောင့် ကျော်ဇင်လတ် အမှတ်စဉ် ၂ ခါအထိ ရေ တွက်ခံခဲ့ရသလို စောဒါဝိတ်ကိုလည်းဆရာဝန်က နှစ်ကြိမ်တိုင်တိုင် ခေါ်ယူစစ်ဆေးခဲ့ရပါတယ်။

၅ ချီအထိ နှစ်ဦးသား အနိုင်မခံ အရှုံးမပေး ထိုးသတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒိုင်လူကြီးတွေက လက်ရည်အသာ စီး ထိုးသတ်နိုင်ခဲ့တဲ့ ကျော်ဇင်လတ်ကို လိုက်ဝယ်တာဝိတ်တန်း ရွှေခါးပတ် ချန်ပီယံ အဖြစ် တင်မြှောက်ခဲ့ကြပါ တယ်။

နောက်ဆုံးပွဲစဉ်အဖြစ် လိုက်မစ်ဒယ်ဝိတ်တန်းပွဲစဉ်မှာတော့ ပထမအချီမှာပင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ထိုး သတ်ခဲ့ကြပြီး တစ်ယောက်အမှားတစ်ယောက်စောင့်မနေတာကြောင့် ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲအဖြစ် စတင်ခဲ့ပါတယ်။

ဒုတိယအချီပြန်လည်စတင်ချိန်မှာတော့ အာသာဆာလာဒိုက်က တရစပ် လိုက်လံ ထိုးသတ်ခဲ့လို့ စောဘဦး ကောင်းကောင်းထိုးသတ်ခွင့်မရခဲ့ပဲ ဆာလာဒိုက်က အသားစီးရယူနိုင်ခဲ့ပါတယ်။

တတိယအချီမှာလဲ ဆာလာဒိုက်ကပင် တရစပ်ထိုးသတ်ခဲ့ပြီး စောဘဦးအလဲမှာ ကြိုးတန်းကိုလက်နဲ့ကိုင်ပြီး ကန်ခဲ့ပြီး ပွဲသိမ်းနိုင်ခဲ့တာကြောင့် လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ရွှေခါးပတ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာတော့ ပိုလန်နိုင်ငံသား အာသာ ဆာလာဒိုက်အနေနဲ့ လက်ဝှေ့စည်းမျဉ်းအချို့ကို ကောင်းစွာ နားလည် ဟန်မပေါ်တဲ့ ထိုးသတ်မှုများ ပြုလုပ်ခဲ့တာကြောင့် ဒိုင်လူကြီးမှ သတိပေးတားမြစ်မှုများ ပြုလုပ်ခဲ့ရပါတယ်။

ယခုတစ်ကြိမ် WLC-5 ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ နိုင်ငံခြားသား ၄ ဦး ပါဝင်ထိုးသတ်ခဲ့ရာမှာ ၃ ဦး အနိုင်ရခဲ့ကြပြီး ၁ ဦးသာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photos- WLC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD