အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်သာ ရှိပါသေးတယ်။

ပြင်သစ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဖြစ်လာဖို့ ရှိနေတယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

 

ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းကို အုပ်စုတွင်းမှာ ပီရူး၊သြစတြေးလျတို့နဲ့ တွေ့ဆုံချိန်အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး အသင်းကို ၁၆သင်းအဆင့် တက်ရောက်စေထားသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာကတော့ ဒီကနေ့ ကစားမယ့် ဒိန်းမတ်အသင်းနဲ့ ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ ပေါ့ဂ်ဘာက အခုလိုပဲ ပြောခဲ့ပါတယ်။

 

" ဒီ ကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော့်အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တစ်ကယ်ပြောတာပါ။ ဝေဖန်မှုတွေကို လည်း မေ့ပစ်သွားမှာပါ။ကွင်းအတွင်း ကျွန်တော်ပြောခဲ့သမျှတွေအတွက်အခုက အဖြေပါပဲ။အခု ကျွန်တော့် ဂျာစီ၊အသင်းနဲ့ ကစားဖော်တွေ အတွက် အကောင်းဆုံး ပေးဆပ်သွားပါမယ်။ကျွန်တော်တစ်ကယ်ကိုအသင်းနဲ့ ကမ္ဘာ့ဖလားရချင်ပါတယ်။" လို့ ပေါ့ဂ်ဘာက မီဒီယာကို ထုတ်ဖော် ပြောခဲ့ပါတယ်။

ပေါ့ဂ်ဘာမှာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက တစ်ကြိမ်ပါဝင်ခဲ့သလို ယူရို ၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်လုပ်ခဲ့စဉ် ကလည်း အသင်းနဲ့အတူ ပါဝင်ထားခဲ့သူ ဖြစ်ပြီးလက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က