မနက်ဖြန် ညနေမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံကွင်းအတွင်း ကျင်းပသွားမှာပါ။

One Championship မစ်ဒယ်ဝိတ်ရွှေခါးပတ် ကို အောင်လအန်ဆန်ထံကနေ လုယူနိုင်ဖို့ စိန်ခေါ်သူကတော့ ဂျပန်လူမျိုး ကမ်ဟာဆီဂါဝါ ဖြစ်ပြီး မနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဘာကြောင့်စိန်ခေါ်ရတာလဲဆိုတာကို ပြောကြားခဲ့ပါတယ်။



အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ချန်ပီယံ တစ်ဦးဖြစ်သလို လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ချန်ပီယံလည်း ဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ ၎င်းရဲ့ ပထမဆုံး ခါးပတ် ကာကွယ်ပွဲကို ထိုးသတ်မှာလည်း ဖြစ်ပါတယ်။

 

ကမ်အနေနဲ့ MMA ပြိုင်ပွဲကို ၁၈ ပွဲလောက် ထိုးသတ်ခဲ့ရာမှာ ၁၆ ပွဲအထိ နိုင်ခဲ့ပေမယ့်လည်း နိုင်ငံတကာ MMA ပြိုင်ပွဲကိုတော့ ယခုမှ ပထမဆုံး စတင်ထိုးးသတ်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ယခုလို ကမ်ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး -" one championship ရဲ့ MMA ပြိုင်ပွဲတွေက ဂျပန်မှာ တစ်နိုင်ငံလုံး အနှံ့ရှိနေပါတယ်။ဒါ့အပြင် ဂျပန်မှာလည်း အောင်မြင်နေတဲ့ ပြိုင်ပွဲတစ်ရပ်လည်း ဖြစ်နေတာကြောင့် ကမ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။" လို့ ပြိုင်ပွဲ ကျင်းပနေရး ကော်မ တီက ထုတ်ဖော်ပြောခဲ့ပါတယ်။

အောင်လအန်ဆန်ကို စိန်ခေါ်မယ့် ကမ်ကလည်း -" ကျွန်တော့် ဒီအတွက် ၅ ပတ်လောက်လေ့ကျင့်ထားပါတယ်။ ပွဲမတိုင်ခင် ဘာမှ သေသေချာ ချာ ပြောလို့ မရသေးပါဘူး။ကျွန်တော့်ကတော့ ဒီကို အနိုင်ယူဖို့ လာခဲ့တာပါ။နိုင်မယ်လို့လည်း ၁၀၀ ရာခိုင်နှုန်း အပြည့် ယုံကြည်မှု ရှိပါတယ်။" လို့ ပြောခဲ့ပါတယ်။

စိန်ခေါ်ပွဲကိုတော့ မနက်ဖြန် ဇွန်လ ၂၉ ရက်နေ့ ညနေမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး အောင်လအန် ဆန်နဲ့ ကမ်တို့ရဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကာကွယ်ပွဲအပါအဝင် တွဲဆိုင်း ၁၀ ဆိုင်းအထိ ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က