အာမီခန်းနဲ့ ထိုးသတ်အပြီးမှာ မေဝယ်လ်သာနဲ့ ထိုးသတ်ချင်နေတာပါ။

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီပက်ကွီအိုဟာ ဒီနှစ်အတွင်းမှာ ဗြိတိန်လက်ဝှေ့သမား အာမီခန်းနဲ့ ထိုးသတ်ဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ပက်ကွီအိုဟာ အာမီခန်းနဲ့ ထိုးသတ်အပြီးမှာ မဟာပြိုင်ဘက်ကြီး ဖလွိုက်မေဝယ်သာနဲ့လည်း တစ်ကျော့ပြန်ထိုးသတ်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Photo : Daily Mail

 

အသက် (၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ကွီအိုဟာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ဝယ်လ်တာဝိတ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ လူးကပ်စ်မက်သီစီကို (၇)ချီမြောက်မှာ အလဲထိုးအနိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲတွေနဲ့ တစ်နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ပက်ကွီအိုဟာ ပွဲချိန်အစောပိုင်းမှာပဲ အသာစီးရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Forbes

 

နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင်မှာ ဆီနိတ်တာအမတ်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ပက်ကွီအိုဟာ လက်ဝှေ့လောကကို ကျောခိုင်းခဲ့ပြီလို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီသတင်းတွေကို ပက်ကွီအိုက ငြင်းဆန်ကပယ်ချခဲ့ပြီး သူ့အနေနဲ့ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ ဆက်လက်ရှင်သန်နေဦးမှာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Photo : Daily Mail

 

ခြေအနုတ်အသိမ်း မြန်ဆန်မှု၊ လျှင်မြန်မှု နဲ့ ပြင်းထန်အားပါတဲ့ လက်သီးထိုးချက်တွေနဲ့ အောင်ပွဲရယူလေ့ရှိတဲ့ ပက်ကွီအိုဟာ ဒီနှစ်အတွင်းမှာ အာမီခန်းနဲ့ ထိုးသတ်ဖို့ ရည်ရွယ်နေပါတယ်။ လာမယ့် ဒီဇင်ဘာမှာ အသက် (၄၀) ပြည့်မြောက်တော့မယ် ပက်ကွီအိုအတွက် အာမီခန်းဟာ ငယ်ရွယ်နုပျိုတဲ့ ပြိုင်ဘက်တစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။

Photo : Daily Mail

 

လက်ဝှေ့သမားဘဝတစ်လျှောက် (၆၉)ပွဲအထိ ထိုးသတ်ခဲ့ပြီးပြီဖြစ်တဲ့ ပက်ကွီအိုဟာ ပွဲပေါင်း (၆၀)အထိ နိုင်ပွဲရရှိခဲ့ပြီး (၇)ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ အာမီခန်းနဲ့ပွဲကို ဒီဇင်ဘာလအတွင်းမှာ ထိုးသတ်နိုင်ဖို့အတွက် ပက်ကွီအိုဘက်က အထူးမျှော်လင့်နေပြီး အာမီခန်းကို အနိုင်ရရှိခဲ့ပြီးပါက မေဝယ်လ်သာနဲ့ ဒုတိယအကြိမ်မြောက် ထိုးသတ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

Photo : Daily Mail

 

ပက်ကွီအို နဲ့ မေဝယ်သာတို့ဟာ ၂၀၁၅ ခုနှစ်၊ မေလ (၂)ရက်နေ့က အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂက်စ်မှာ ထိုးသတ်ခဲ့ကြပြီး (၁၂)ချီအတွင်း အလဲမထိုးနိုင်ခဲ့ပဲ ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်ကြောင့် မေဝယ်သာက အနိုင်ရရှိသွားခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်အဖြစ် လူပြောများခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပက်ကွီအိုဟာ မေဝယ်သာကို တောက်လျှောက်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် မေဝယ်သာရဲ့ ပါးနပ်တဲ့ ထိုးသတ်မှုကြောင့် အရေးနိမ့်ခဲ့ရပါတယ်။

Photo : Daily Mail

 

လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ကစားသမားဘဝကနေ အနားယူနေတဲ့ မေဝယ်သာဟာ ပွဲပေါင်း (၅၀)အထိ ထိုးသတ်ထားပြီး ပွဲ (၅၀)လုံးကို အနိုင်ရရှိကာ ရှုံးပွဲမရှိစံချိန် ရယူထားပါတယ်။ ဒါ့အပြင် မေဝယ်သာဟာ ဝိတ်တန်း (၅)ခုရဲ့ ပြိုင်ဘက်မရှိ ချန်ပီယံအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က