ဒေ့ဗ်ကို ရှုံးခဲ့တဲ့ ပွဲမှာ ဒူးအရွတ်ဒဏ်ရာရခဲ့လို့ ၁ နှစ်ခွဲလောက် အနားယူခဲ့ရသူ ဖြစ်ပါတယ်။

ဒေ့ဗ်နဲ့ပွဲအပြီး လက်ဝှေ့လောကကနေ ၁ နှစ်ခွဲလောက် အနားယူခဲ့ပြီးနောက် ပထမဆုံး ပြန်လည်ထိုးသတ်မယ့် နိုင်ငံတကာပွဲဖြစ်ပြီး ပရိသတ် တွေကို ယုံကြည်အားပေးဖို့ တောင်ဆိုထားပါတယ်။

Photo - Tun Tun Min Facebook Page

 

မြန်မာပြည် ချန်ပီယံဟောင်းတစ်ဦးဖြစ်သလို ဆီးဂိမ်းရွှေတံဆိပ် ဆုရှင်လည်း ဖြစ်တဲ့ လက်ဝှေ့ကျော်ထွန်းထွန်းမင်းဟာ မနက်ဖြန် ဇူလိုင်လ ၂ ရက်နေ့မှာတော့ ရွှေခါးပတ်ချန်ပီယံလုပွဲ ထိုးသတ်ဖို့ ရှိပါတယ်။

၎င်းရဲ့ ပြိုင်ဖက်ကတော့ ထိုင်းနိုင်ငံမှ ထိပ်တန်း စာရင်းဝင် လက်ဝှေ့သမား ဆိုးယော့ဖြစ်ပြီး၊ ထွန်းထွန်းမင်း ဒဏ်ရာကြောင့် အနားယူပြီး ပထမ ဆုံး ပြန်ထိုးမယ့် နိုင်ငံတကာပွဲလည်း ဖြစ်လာမှာပါ။

Photo - Tun Tun Min Facebook Page

 

ထွန်းထွန်းမင်းက ဒီပွဲမထိုးခင် မြန်မာပြည်ချန်ပီယံဘွဲ့ကို လက်လွှတ်လိုက်ရတဲ့ ဒေ့ဗ်နဲ့ပွဲမှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီးနောက် အနားယူခဲ့ရသူလည် းဖြစ်ပါတယ်။

မေဝယ်လ်သာနဲ့ တစ်ကျော့ပြန် ထိုးသတ်ဖို့ ဆန္ဒရှိနေတဲ့ ပက်ကွီအို 

ဒဏ်ရာကို ကုသမပြီး ၄လအကြာမှာ ပွဲပြန်ထိုးပေမယ့်လည်း အရွတ်ဒဏ်ရာက အကင်းမသေလို့ ထိုင်းနိုင်ငံထိ သွားရောက် ခွဲစိတ်ကုသမှု ခံယူခဲ့ ရတယ်လို့လည်း သိထားရပါတယ်။

"ကျွန်တော်တို့ လက်ဝှေ့လောကက အခုဆိုရင် MMA အောက်ရောက်နေပြီ။ရန်ကုန်မှာဆို လူမရှိသလောက် ဖြစ်နေပြီ။နောက်ပြီး ကျွန်တော့်မှာ ပြိုင်ဖက်ကို ဘယ်လိုနိုင်အောင်ထိုးရမလဲဆိုတာ အမြဲတွေးတတ်တယ်။ဒါကြောင့် နောက်ဆုံးမှာ ကျွန်တော် လက်ဝှေ့လောကကနေ အနားယူ မယ်ဆိုရင်လည်းဒေ့ဗ်ကို အနိုင်ယူပြီးမှ အနားယူမယ်ဆိုပြီး အခုလို လက်ဝှေ့ပြန်ထိုးဖြစ်တာပါ။" လို့ ထွန်းထွန်းမင်းက ရှင်းလင်းပြောခဲ့ပါတယ်။

ယခုထိုးသတ်မယ့် ဆိုင်းယော့က ထိုင်းဖိုက် ပြိုင်ပွဲတွေမှာ တောာက်လျှောက်နာမည်ကြီးနေသူ ဖြစ်ကာ ထိုင်းနိုင်ငံမှာ ထိပ်ဆုံး (၁၀)ဦးစာရင်းဝင် သူဖြစ်တယ်လို့လည်းသိရပါတယ်။

" ကျွန်တော် ထွန်းထွန်းမင်းအတွက် ပွဲစီစဉ်ဖို့ လူလိုက်ရှာတော့ ထိုင်းမှာ သူ့(ဆိုင်းယော့)ကို သွားတွေ့ပါတယ်။နောက်ပြီးသူက မကြာသေးခင်က မှ တရုတ်ဖိုက်တာ ရိလုံကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြထားသူလည်း ဖြစ်ပါတယ်။ဒါကြောင့် သူ့ရဲ့ ဝိတ်တန်းကလည်း ထွန်းထွန်းမင်းနဲ့ တူညီတာကြောင့် သူ့ကို ရွေးချယ်ဖြစ်ခဲ့တာပါ။" လို့ ယခုရွှေခါးပတ်လုပွဲကို စီစဉ်သူ ကီးမား ဦးတင်ဝင်းက ဆိုပါတယ်။

ထွန်းထွန်းမင်းကတော့ ဒီပွဲက သူ့ဘ၀ အတွက် အဆုံး အဖြတ်ပွဲ ဖြစ်လာမယ်လို့ ဆိုခဲ့ပြီး၊ အကောင်းဆုံး ပြင်ဆင်ထားတယ်လို့လည်း ပရိသတ် တွေကို ဆိုခဲ့ပါတယ်။

လက်ဝှေ့လောကကနေ ၁ နှစ်ခွဲလောက်အနားယူပြီး ပြန်လည်ဝင်ရောက်လာတဲ့ ချန်ပီယံဟောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားက ဘယ် လောက်ထိ ရှိနေမလဲ၊ သက်လုံနဲ့ တိုက်ရည်ခိုက်ရည်တွေ ဘယ်လောက်ထိ ထက်မြက်နေမလဲ ဆိုတာကိုတော့ မနက်ဖြန် ဇူလိုင်လ ၂၂ ရက်နေ့ မှာ သိမ်ဖြူရုံမှာ အဖြေရှာတွေ့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က