AD
AD
AD

ယနေ့နံနက်က ဖြစ်ပျက်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ ဖလွိုက်မေဝယ်သာဟာ မော်တော်ကားအတွင်းမှာ ရှိမနေခဲ့တာကြောင့် ဒဏ်ရာတစ်စုံတစ်ရာ ရရှိသွားခြင်းမရှိကြောင်း အတ္တလန်တာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

play

 

မေဝယ်သာရဲ့ သက်တော်စောင့်တစ်ဦးဖြစ်တဲ့ ဂရီဂိုရီလာရိုဆာကတော့ ခြေထောက်ကို သေနတ်ထိမှန်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ဆေးရုံမှာ ၃ နာရီကြာ ကုသမှုပြုလုပ်ပြီးနောက် ဆေးရုံက ဆင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။ မေဝယ်သာနဲ့အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ညနေ အစောပိုင်းမှာ နိုက်ကလပ်ကို သွားရောက်ခဲ့ပြီးနောက် ယနေ့နံနက် ၂ နာရီမှာ ညစာစားဖို့ SUV ကား ၃ စီးနဲ့ထွက်ခွာခဲ့တာဖြစ်ပါတယ်။

play

 

ပစ်ခတ်မှုဖြစ်စဉ်မှာ သေနတ်သမားဟာ SUV ယာဉ်ကို ကြားကနေဖြတ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ယာဉ်ကို မောင်းနှင်လာတဲ့ လာရိုဆာဟာ ခြေထောက်ကို သေနတ်ထိမှန်သွားတာကြောင့် ဆေးရုံကို ချက်ချင်းမောင်းနှင်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေနတ်သမားဟာ မေဝယ်သာရဲ့အဖွဲ့ဝင်တွေ ဒါမှမဟုတ် ယာဉ်တန်းအုပ်စုတွေထဲက တစ်ဦးဦးနဲ့ ရင်းနှီးမယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ယမန်နေ့ညနေအစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စတစ်ခုခုနဲ့ သေနတ်ပစ်ခတ်မှု ဆက်စပ်နေမလားဆိုတာကိုတော့ သေချာမသိသေးကြောင်း ပြောပါတယ်။

play

 

မေဝယ်သာဟာ လပ်စ်ဗေးဂတ်မှာ စနေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ လက်ဝှေ့အခမ်းအနားကို တက်ရောက်ပြီး ဈေးကွက်မြှင့်တင်ရေး ပြုလုပ်ခဲ့ပြီးနောက် အတ္တလန်တာမှာ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD