AD
AD
AD
play

 

ရီးရဲလ်မက်ဒရစ် ကစားသမားရော်နယ်ဒိုရဲ့ အသစ်စက်စက် ချစ်သူ ဂျော်ဂျီနာဟာချစ်သူနဲ့ တိတ်တဆိတ်ချိန်းတွေ့ခဲ့တဲ့ ခရီးစဉ်ပြီးဆုံးပြီးနောက် အလုပ်ပြန်ဝင်နေပြီိဖြစ်ကြောင်းသိရပါတယ်။

play

 

ရော်နယ်ဒိုရဲ့ ချစ်သူဟာ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Gucci ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ဂျော်ဂျီနာဟာ မက်ဒရစ်မြို့က Gucci စတိုးကို ပြန်လာပြီး လုပ်ငန်းခွင်ပြန်ဝင်ခဲ့တာဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြပါတယ်။

play

 

လွန်ခဲ့တဲ့ တစ်ပတ်က ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ စပို့တင်းလစ္စဘွန်းနဲ့ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ပေါ်တူဂီကိုမသွားခင် ဂျော်ဂျီနာနဲ့ ပါရီမြို့အပန်းဖြေပန်းခြံတစ်ခုအတွင်း ရုပ်ဖျက်ပြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်က ဓာတ်ပုံတွေအရ သူမဟာ ရော်နယ်ဒိုကို အားပေးဖို့ ဘာနေဗျူးကစားကွင်းကိုတောင် သွားရောက်အားပေးခဲ့ပြီးပြီလို့ သိရပါတယ်။

 

ရော်နယ်ဒိုလိုပဲ ဖက်ရှင်ကျတဲ့သူမ လုပ်ငန်းခွင်ပြန်ဆင်းနေတာကို ပါပါရာဇီတွေက ခြေရာခံနိုင်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD