AD
AD
AD

ပြီးခဲ့တဲ့ ဖေဖောဝါရီလ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်လုပွဲမှာ ဘရာဇီး နိုင်ငံသား မချာဒိုကို အနိုင်ယူ ပြီး လိုက်ဟဲဗီးဝိတ်တန်းရဲ့ ရွှေခါးပတ်ချန်ပီယံ အဖြစ် ထပ်မံ ရပ်တည်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံ အောင်လအန်ဆန်ရဲ့ လိုက် ဟဲဗီးဝိတ်ခါးပတ် ကာကွယ်ပွဲကို မြန်မာနိုင်ငံမှာသာ ဆက်လက် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ် ပွဲစဉ်ကို လာမယ့် စက်တင်ဘာလမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပြီး ဂျပန်နိုင်ငံမှာ ကျင်းပဖို့ လျာထားပေ မယ့်လည်း ယခုအခါ One Championship ရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာသာ ထပ်မံကျင်းပသွားတော့မယ်လို့ သိရပါတယ်။

play

 

One Championship အနေနဲ့ အောင်လအန်ဆန်ကို ယခုနှစ်အတွင်း ကာကွယ်ပွဲ ၂ ပွဲစီစဉ်ပေးထားပြီး မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ကာကွယ်ပွဲကို တောာ့ လာမယ့်ဇွန်လမှာ ကျင်းပသွားဖို့ရှိပြီး စင်ကာပူ (သို့)ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပသွားဖို့ရှိနေတယ်လို့ အောင်လန်အန်က ပြောကြားထားခဲ့ ပါတယ်။

"ကျွန်တော့်ရဲ့ နောက်တစ်ပွဲက မြန်မာနိုင်ငံမှာ မဟုတ်လောက်ပါဘူး။စင်ကာပူ ဒါမှမဟုတ် ဖိလစ်ပိုင် တစ်နေရာရာမှာ ဖြစ်ဖို့ များပါတယ်။အဲ့ပွဲက တော့ မစ်ဒယ်ဝိတ်တန်း ကာကွယ်ပွဲ ထိုးရဖို့ များနေပါတယ်။ပြိုင်ဖက်ကတော့ သေချာမသိရသေးပါဘူး။" လို့ မချာဒိုကို အနိုင်ရတဲ့ပွဲအပြီးမှာ အောင်လန်အန်ဆန်က မီဒီယာကို ထုတ်ဖော်ပြောထားခဲ့ပါတယ်။

အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကို လက်လွှတ်ခဲ့ရတဲ့ ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်က ပြန်လည် စိန်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့ လည်း သိရပါတယ်။

ဆက်လက်ပြီး စက်တင်ဘာမှ ထိုးသတ်ရမယ့် လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကာကွယ်ပွဲကိုတော့ မူလက ဂျပန်မှာ ကျင်းပဖို့ လျာထားပေမယ့် လည်း ယခုအခါ မြန်မာနိုင်ငံမှာသာ ကျင်းပဖို့ စီစဉ်နေတယ်လို့သိရတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ဟဲဗီးဝိတ်တန်းမှာ ယှဉ်ပြိုင်နေတဲ့ ဟောင်ကောင်နိုင်ငံသား အလိန်းအန် ဂါလာနီက ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

အန်ဂါလာနီမှာ အောင်လအန်ဆန်နဲ့ မြန်မာနိုင်ငံမှာ Open စိန်ခေါ်ပွဲတစ်ပွဲ ကစားထားဖူးသူဖြစ်ပြီး အောင်လအန်ဆန်ကို ရှုံးနိမ့်ထားသူလည်း ဖြစ်ပါတယ်။

၎င်းအနေနဲ့ ၀ိတ်တန်းလျော့ပြီး လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကို အေင်လအန်ဆန်ထံက လုယူမယ်လို့လည်း ကြုံးဝါးထားပါတယ်။

လက်ရှိမှာတော့ အောင်လအန်ဆန်ဟာ မိသားစုနဲ့ အတူ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မတ်လကုန်အထိ မြန်မာနိုင်ငံမှာ နေထိုင်သွားမယ်လို့ လည်း သိရပါတယ်။

Source- One Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD