play

 

ရီးရဲလ်မက်ဒရစ်အသင်းကစားသမား ရော်နယ်ဒိုဟာ ဘောလုံးကစားရုံတင်မဟုတ်ဘဲ မော်ဒယ်အလုပ်နဲ့ သရုပ်ဆောင်ရာမှာလည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။

play

 

နာမည်ကျော် Home Alone ဇာတ်ကားထဲက ဇာတ်လမ်းအတိုင်း ရော်နယ်ဒိုက ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခု ထွက်ရှိလာပါတယ်။ နာမည်ကျော် Home Alone ဇာတ်လမ်းဟာ လူကြီးတွေအိမ်မှာ မရှိတဲ့အချိန် ခရစ္စမတ်အားလပ်ရက်ကို အိမ်မှာ ကလေးငယ်တစ်ဦးထဲ လူဆိုးတွေလက်ထဲက လွတ်မြောက်အောင် ကြိုးပမ်းရတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အခုလည်း ရော်နယ်ဒိုက ဒီဇာတ်လမ်းထဲက ကလေးငယ်တစ်ဦးလို ပါဝင်သရုပ်ဆောင်ထားတာပါ။

play

 

ကြော်ငြာဇာတ်လမ်းထဲမှာ ရော်နယ်ဒိုရဲ့ မိခင်အပါအဝင် အိမ်ကလူကြီးတွေက အားလပ်ရက် ခရီးစဉ်သွားကြဖို့ စီစဉ်နေတဲ့အခန်းနဲ့ စတင်ထားပါတယ်။ အားလုံးလေယာဉ်ပေါ်ရောက်တော့မှ ရော်နယ်ဒိုရဲ့မိခင်က သူ့ရဲ့သားကို အိမ်မှာ မေ့ကျန်ခဲ့တယ်ဆိုတာ သတိရသွားပါတယ်။

play

 

ရော်နယ်ဒို တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန် ပီဇာလာပို့တဲ့ လူက တံခါးဝကိုအရောက် အိမ်ထဲက သေနတ်သံ ထွက်လာလို့ ပြန်ထွက်ပြေးသွားတဲ့ အခန်းကို ရိုက်ပြထားပါတယ်။

play

 

တကယ်တော့ လျှပ်စစ်ပစ္စည်းတွေထုတ်လုပ်တဲ့ MEO ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ စပီကာကို ကြော်ငြာသွားတာဖြစ်ပြီး အသံအရည်အသွေး ကောင်းမွန်ပုံကို ဖော်ပြထားတာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video