AD
AD
AD
play

 

အမေရိကန်တိုက်ခိုက်ရေး ကြိုးဝိုင်းလောကမှာ နာမည်ကျော်တဲ့ တိုက်ခိုက်ရေးသမား ကင်ဘိုစလစ်ဟာ ဖလော်ရီဒါဆေးရုံမှာပဲ ပြီးခဲ့တဲ့ တနင်္လာနေ့က သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။  သေဆုံးချိန်မှာ MMA တိုက်ခိုက်ရေးသမား ကင်ဘိုက အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

play

 

ဘာကြောင့် သေဆုံးရတယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ရဲတပ်ဖွဲ့ကဘက်တော့ တိုက်ခိုက်ရေးသမား ကင်ဘိုလစ် သေဆုံးရတဲ့ဖြစ်ရပ်အပေါ် စုံစမ်းနေတာမျိုး မရှိဘူးလို့ ဆိုထားပါတယ်။ တိုက်ခိုက်ရေး ကြိုးဝိုင်းပြင်ပမှာဆိုရင်တော့ ကင်ဘိုစလစ်က အလွန်သဘောကောင်းသူ၊ ဆက်ဆံရေးပြေပြစ်သူ တစ်ဦးဖြစ်တဲ့အတွက် သူသေဆုံးရတာဟာ ပိုပြီးဝမ်းနည်းဖို့ကောင်းတယ်လို့ MMA ပြိုင်ပွဲဥက္ကဋ္ဌ စကော့ကော့ကာက ပြောပါတယ်။

play

 

ကင်ဘိုစလစ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် MMA ကြိုးဝိုင်းလောကသားတွေနဲ့ ဆယ်လီအသိုင်းအဝိုင်းကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ အသီးသီး ရေးထားကြပါတယ်။ ကင်ဘိုက MMA ပြိုင်ပွဲမှာ ရှုံးပွဲနှစ်ပွဲရှိဖူးပြီး ပရောက်ဖက်ရှင်နယ် လက်ဝှေ့ပွဲတွေမှာတော့ ရှုံးပွဲမရှိ ကစားခဲ့သူဖြစ်ပါတယ်။

Source : Buzzfeed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD