နောက်ဆုံးထိုးထားတဲ့ ပွဲစဉ်မှာ ကမ္ဘောဒီးယားက ဆောဆီးကို ခြေကန်ချက်နဲ့ အနိုင်ယူထားပါတယ်။

မျက်လုံးဒဏ်ရာကြောင့် ဇွန်လ ၂၉ ရက်နေ့ MMAပွဲကို အင်ဒိုနီးရှား ဖိုက်တာနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပြီးမှ ပြန်ဖျက်လိုက်ရတာလို့ သိထားရပြီး လက်ရှိမှာတော့ ဒဏ်ရာက ပြန်သက်သာလာပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နေပါတယ်။

IMG_7564.JPG 

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံမှာ MMA ပြိုင်ပွဲကို One Championship က ပြုလုပ်ခဲ့ပြီး အောင်လအန်ဆန်က ဂျပန်က ကမ်ဟဆီဂါ ဝါကို အလဲထိုးပြီး မစ်ဒယ်ဝိတ်ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံက MMA ဖိုက်တာ တစ်ဦးဖြစ်တဲ့ ဖိုးသော်လည်း ပါဝင်ဖို့ ရှိခဲ့ပေမယ့် တစ်ကယ့် ပြိုင်ပွဲမှာတော့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

Photo -ONE Championship

" ကျွန်တော် ဒီပွဲအတွက် ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက လေ့ကျင့်ခဲ့တာပါ။ဒါပေမယ့်ကံမကောင်းစွာပဲ ၄ လပိုင်း ၂၆ ရက်နေ့မှာ မျက်လုံးဒဏ် ရာရခဲ့လို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒါကြောင့် ဇွန် ၂၉ ပွဲကို ဘယ်လိုမှ မမီနိုင်တော့ပဲ လေ့ကျင့်ရေးတွေလည်း ပျက်ခဲ့ရပါတယ်။အခုတော့ ပြန်ကောင်းလာလို့ လေ့ကျင့်ခန်းတွေ ပြန်လုပ်နေပါတယ်။" လို့ ဖိုးသော်က ရှင်းလင်းပြောပါတယ်။

ဖိုးသော်အနေနဲ့ မြန်မာပြည်ပေါက် MMA ဖိုက်တာ စစ်စစ် တစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့မှာလည်း အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

" ကျွန်တော်က MMAကို စထိုးခဲ့တာပါ။အဲ့နောက်ပိုင်းမှာတော့ ရိုးရာလက်ဝှေ့ကိုလည်း အတွေ့အကြုံရအောင်လို့ ၄၊၅ ပွဲလောက် ထိုးခဲ့ဖူးပါ တယ်။တစ်ကယ်တမ်း ကျွန်တော်က MMA ဖိုက်တာ တစ်ယောက်ပါ။" လို့လည်းပြောပါတယ်။

လက်ရှိမှာတော့ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ကရာတေး ပြိုင်ပွဲတစ်ခုကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး ဘယ်လိုကြောင့် ပြိုင်ပွဲ ဝင် ဖြစ်လဲဆိုတာကိုလည်း -" ၂၀၁၇ ဒီဇင်ဘာတုန်းက ဖိလစ်ပိုင်မှာ ကရာတေး ပြိုင်ပွဲကို ပထမဆုံး ပြိုင်ခဲ့တုန်းက စတုတ္ထနေရာ(ဘူရှီဒို)ဆု ကိုရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း MMA ပြိုင်ပွဲမှာ ကျွန်တော့်ကို ဖိုး(ဘူရှီဒို)သော် လို့ ခေါ်တွင်စေတာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲကတော့ မြန်မာနိုင်ငံ က ကစားသမားတွေအနေနဲ့ ပရော်ဖက်ရှင်နယ် ပုံစံနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပဲ အတွေ့အကြုံနဲ့ ဂုဏ်သိက္ခာပိုင်းအရသာ သွားရောက်ကစားဖြစ်မှာပါ။" လို့လည်းပြောပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ စင်ကာပူနိုင်ငံတွင် ကျင်းပသွားမှာ ဖြစ်ပြီး ဖိုးသော်က ၇၀ ကီလိုတန်းအောက်မှာ ဝင်ရောက်ကစားမှာ ဖြစ်သလို ၎င်း နဲ့ အတူ အခြားသော ကရာတေး ကစားသမား ၁၀ ဦးကျော်လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒီကရာတေးပွဲပြီးရင်တော့ မြန်မာနိုင်ငံမှာ MMA ပွဲတစ်ပွဲ ၂၀၁၈ ခုနှစ်ထဲ ကျင်းပဖို့ ရှိနေသေးတယ်လို့ဆိုပြီး အဆိုပါ ပွဲကိုတော့ ပြန်လည်ပါဝင်နိုင် အောင် ကြိုးပမ်းသွားမယ်လို့လည်း ဖိုးသော်က ဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က