Other Sports: ရှာရာပိုဗာကို Nike က စပွန်ဆာ ဆက်လက်ပေးမည်

ရှာရာပိုဗာက သူမအပေါ် ချမှတ်လိုက်တဲ့ တင်းနစ်ကစားခွင့် ပိတ်ပင်မှုကို အယူခံဝင်သွားမယ်လို့ ပြောကြားထားပါတယ်။

play


တားမြစ်ဆေးသုံးမှုကြောင့် တင်းနစ်ကစားခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပေမဲ့ မာရီယာ ရှာရာပိုဗာကို Nike က စပွန်စာချုပ် ဆက်လက် ထားရှိသွားမယ်လို့ သိရပါတယ်။

play


နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်ရဲ့ ယခု ဆုံးဖြတ်ချက်မှာ ချွို့ယွင်းအားနည်ချက်ရှိနေတဲ့ ဆေးစစ်မှုလုပ်ငန်းစဉ်ပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့ကြောင်း Nike က ဝေဖန်လိုက်ပြီး ရှာရာပိုဗာဘက်မှ ရပ်တည်သွားမယ်လို့ ပြောကြားပါတယ်။

play

 

ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုအရ ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရှာရာပိုဗာက သူမအပေါ် ချမှတ်လိုက်တဲ့ တင်းနစ်ကစားခွင့် ပိတ်ပင်မှုကို အယူခံဝင်သွားမယ်လို့ ပြောကြားထားပါတယ်။ ရှာရာပိုဗာဟာ နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ့် တားမြစ်ဆေးအဖြစ် သတ်မှတ်ထားတဲ့  နှလုံးဆေးဝါးတစ်မျိုးကို မှီဝဲကြောင်း မတ်လအတွင်း ဆေးစစ်မှုမှာ တွေ့ရှိခဲ့ပါတယ်။

play


Nike က ရှာရာပိုဗာနဲ့ စပွန်ဆာကိစ္စရပ်တွေကို ဆိုင်းငံ့ထားမယ်လို့ ထိုစဉ်က ထုတ်ပြန်ခဲ့ပေမဲ့ ယခုအခါမှာတော့ သူမဘက်က ရပ်တည်ပြီး စပွန်ဆာ ဆက်လက်ပေးသွားမယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး