Other Sports: အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြခဲ့တဲ့ One Direction အဖွဲ့သားတွေ

လူဝီတို့အသင်းက ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

play

 

စနေနေ့က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ One Direction အဖွဲ့သားနှစ်ဦးရဲ့ ခြေစွမ်းကို ပီပီပြင်ပြင် မြင်ခဲ့ရပါတယ်။

play

 

ရန်ပုံငွေပွဲအဖြစ် ကစားကြတဲ့ပွဲမှာ နီရဲလ်ဟိုရန်နဲ့ လူဝီတွမ်လင်ဆန်တို့က တစ်ယောက်ကို တစ်သင်းစီမှာ ပါဝင်ပြီး ခြေစွမ်းပြခဲ့ကြပါတယ်။ Soccer Aid Championship 2016 ပွဲမှာ ဆယ်လီတွေ၊ ဘောလုံးသမားဟောင်းတွေနဲ့ ကန်ခဲ့ကြတာဖြစ်ပါတယ်။

play

 

ဒီပွဲမကန်ခင် နှစ်ဦးလုံး စိတ်အားထက်သန်နေခဲ့ကြပြီး ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီပွဲကို ပရိသတ်ပေါင်း ၇၀,၀၀၀ ဝန်းကျင် လာရောက်ခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ် မော်ရင်ဟိုလည်း လာရောက်အားပေးခဲ့ပါတယ်။

play

 

 ယခုနှစ် Soccer Aid ချန်ပီယံကိုတော့ လူဝီတို့ရဲ့ အင်္ဂလန်အသင်းက ဗိုလ်စွဲသွားတာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ