AD
AD
AD
play

 

ယနေ့ညမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ WLC ရိုးရာလက်ဝှေ့ပွဲစဉ်များတွင် မြန်မာလက်ဝှေ့သမားများအောင်ပွဲခံအနိုင်ရရှိခဲ့ကြပါတယ်။

play

 

ယနေ့ညမှာ တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်ခဲ့ကြပြီး အဓိက တွဲဆိုင်းအဖြစ် တူးတူးနဲ့ သြစတြေးလျမှ မိုက်ကယ်ဘာဒါတိုတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာမှာ တူးတူးက အမှတ်ပေးစနစ်နဲ့ အနိုင်ရရှိကာ WLC ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံဘွဲ့ကို ခံယူနိုင်ခဲ့ပါတယ်။

play

 

ဒါ့အပြင် အနားယူသွားရာမှာ လက်ဝှေ့လောကကို တစ်ကျော့ပြန်လည် ၀င်ရောက်ကာ ထိုးသတ်ခဲ့တဲ့ မြန်မာပြည်အလွတ်တန်းချန်ပီယံဟောင်း စောငမန်းကလည်း သြစတြေးလျနိုင်ငံသား အက်ဒီဖာရယ်ကို အမှတ်နဲ့ပင်အနိုင်ရရှိခဲ့ပါတယ်။

play

 

နောက်ထပ် ပွဲတစ်ပွဲမှာတောာ့ စိုးလင်းဦးက မွေထိုင်းချန်ပီယံ ဆီမာတာကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပြန်ပါတယ်။

ကမ္ဘောဒီးယားလက်ဝှေ့သမားကိုတော့ ဖိုးလပြည့်က ဒုတိယအချီ တစ်မိနစ်ကျော်ကျော်မှာပင် အလဲထိုးနဲ့ အနိုင်ယူနိုင်ခဲ့ကာ အခြားသော တွဲဆိုင်းများအဖြစ် အာသာ ဆာလာဒိုက် (ပိုလန်) နဲ့ အဲလက်စ် ဘာဘလီယာ(ရိုမေးနီးယား) တို့ပွဲမှာအာသာ ဆာလာဒိုက် (ပိုလန်) က အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွေးသစ်ဝင်းလှိုင်(Adventure) နဲ့ ရှမ်းကို(ဝင်းထွန်း) တို့ရဲံ့ ပွဲမှာတော့ သွေးသစ်လှိုင်းက အလဲထိုး အနိုင်ရရှိခဲ့သလို မိုက်ရိုင်း(ရွှေဖူး) နဲ့ ဖကျော်ဟဲ (မြဝတီ) တို့ရဲ့ ဖယ်သာဝိတ်တန်း ၅ချီပွဲစဉ်မှာလည်း မိုက်ရိုင်းက အလဲထိုးနဲ့ပင် အနိုင်ယူနိုင်ခဲ့ပါတယ်။

ချစ်မောင်မောင်(တောင်ကလေး) နဲ့ ဒိုးလေး (ရိုးရာပုဂံ) တို့ပွဲမှာတော့ ချစ်မောင်မောင်က အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Postby

 

Source/ Photos- WLC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD