Sports: သည်းထိတ်ရင်ဖို Own Goal နဲ့ မန်ယူအသင်း နိုင်ပွဲဆက်

နောက်ဆုံးမိနစ်အရောက်မှာ ရခဲ့တဲ့ Own Goal နဲ့ မန်ယူအသင်း နိုင်ပွဲရခဲ့ပြီး နည်းပြဗန်ဟားလ် အသက်ရှုချောင်သွားခဲ့ပါတယ်။

play

ရှဝိန်းစတိုင်ဂါရဲ့ ဖြတ်တင်ဘောကို ဒီနေး ဖျက်ထုတ်နေစဉ်

ပွဲပြီးဆုံးခါနီးမှ မြင်တွေခဲ့ရတဲ့ သဲထိတ်ရင်ဖိုဂိုးတွေနဲ့အတူ လူမစုံတဲ့မန်ယူက ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ နိုင်ပွဲ ယူနိုင်ခဲ့ပြန်ပါပြီ။ ဒီပွဲကို သဲထိပ်ရင်ဖိုဖြစ်အောင် နောက်ဆုံးမိနစ်ရောက်မှ ခြေစွမ်းပြခဲ့သူက ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး ထရွိုင်ဒီနေးပါ။

တိုက်စစ်မှူးတွေဒဏ်ရာရနေတဲ့ မန်ယူက ဒီကနေ့ပွဲမှာ ဒီပေးနဲ့ လင်ဂတ်ကို တိုက်စစ်မှာ ထားကစားခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ပွဲချိန် ၁၁ မိနစ်မှာတင် ဟာရဲရားဖြတ်တင်ပေးတဲ့ ဘောလုံးကို ဒီပေးက မြေမကျခင်မှာတင် ဘယ်ခြေနဲ့ ပိတ်သွင်းယူခဲ့လို့ မန်ယူဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပမေယ့် ဒဏ်ရာရသွားတဲ့ ဟာရဲရား ပွဲချိန် ၂၅ မိနစ်မှာတင် ထွက်သွားပြီး ရိုဟိုကို ထည့်ကစားခဲ့ရလို့ မန်ယူအခက်တွေ့ခဲ့ရပါတယ်။

play

ဝက်ဖို့ဒ် ချေပဂိုး သွင်းယူနေစဉ်

ဒုတိယပိုင်းမိနစ် ၈၀ ကျော်အထိ မန်ယူကလည်း ဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဝက်ဖို့ဒ်ဘက်က အပိုင်ကန်ချက်တစ်ချို့ကို ဂိုးသမား ဒီဂီယာပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကလည်း မန်ယူဒီကနေ့ နိုင်ပွဲရခဲ့တဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

ပွဲချိန် ၈၀ ကျော်မှာတော့ မားကို့စ်ရိုဟိုက ဝက်ဖို့ဒ်တိုကမန်စစ်မှူး အီဂါလိုကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ် ကျူးလွန်လို့ ပင်နယ်တီပေးလိုက်ရပါတယ်။ ဒီပင်နယ်တီကို ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေးက ကန်သွင်းခဲ့လို့ မန်ယူရဲ့ ငါးပွဲဆက်တိုက် ပေးဂိုးမရှိစံချိန် အဆုံးသတ်သွားပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ရောက်တော့မှ ရှဝိန်းစတိုင်ဂါရဲ့ ဖြတ်တင်ဘောကို ရှင်းထုတ်ရာမှာ တိုက်စစ်မှူးဒီနေး ခြေချော်သွားလို့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့ပါတယ်။

play

အဖွင့်ဂိုး သွင်းယူနေတဲ့ ဒီပေး

မန်ယူအသက်ရှုချောင်သွားခဲ့ပေမယ့် ဒီနေးကတော့ ဟီရိုးကနေ ဇီးရိုးဖြစ်သွားခဲ့ပါတယ်။

Source and Photos - www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ