Sports: ကမ္ဘာ့အထူးဆန်းဆုံး Own Goal ပိုင်ရှင်

နောက်ခံလူဖြတ်ထုတ်လိုက်တဲ့ ဘောလုံးက လေပြင်းတိုက်ခတ်တဲ့အရှိန်နဲ့ ပါသွားပြီး အခုလို ဂိုးပြန်ဝင်သွားတာပါ။

play

 

နောက်ခံလူဖြတ်ထုတ်လိုက်တဲ့ ဘောလုံးက လေပြင်းတိုက်ခတ်တဲ့အရှိန်နဲ့ ပါသွားပြီး အခုလို ဂိုးပြန်ဝင်သွားတာပါ။

အင်္ဂလန်နိုင်ငံက ဒေသတွင်း လိဂ်ပြိုင်ပွဲတစ်ခုမှာ ပြင်းထန်တဲ့လေတိုက်နှုန်းကြောင့် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ Isthmian League ပြိုင်ပွဲက သားရော့ခ်အသင်းနဲ့ ရမ်ဖို့တို့ ကစားခဲ့ကြတဲ့ပွဲစဉ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ သားရော့ခ်နောက်ခံလူ ဒွန်ကန်က ဘောလုံးကို ဖြတ်ထုတ်လိုက်ချိန်မှာ ပြင်းထန်နေတဲ့ လေတိုက်နှုန်းနဲ့အတူ ဘောလုံးက နောက်ပြန်ပါသွားပြီး ဂိုးသမားကိုပါ ကျော်ဝင်သွားတာပါ။ ကမ္ဘာ့အံ့သြဖွယ်အကောင်းဆုံး ဂိုးစာရင်းထဲတောင် ထည့်လို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဆိုပါပွဲက တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

play

 

ဘောလုံးပွဲမှာ ကံတရားက ဘယ်လောက်အရေးပါလဲဆိုတာ ဒီဗီဒီယိုဖိုင်က သက်သေပြနေပါတယ်။

ဗီဒီိယိုဖိုင်ကြည့်ရန်

Source : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ