play

 

မန်ယူအသင်းဟာ ဒီပွဲမှာေ ခြစွမ်းမပြနိုင်ပွဲအစမှာတင် ဆန်းဒါးလန်းကို အဖွင့်ဂိုး ပေးလိုက်ရပြီးနောက် ရှုံးပွဲ တွေ့ခဲ့ပြန်ပါပြီ။ ၄-၁-၄-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်ဆန်းဒါးလန်းက တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူး ဒီဖိုးကို အထောင်ထားပြီး မန်ယူအသင်းဘက်က ရွန်နေး၊ မာရှယ်၊ လင်ဂတ်နဲ့ မာတာတို့ တိုက်စစ်ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ပွဲစပြီး သုံးမိနစ်အရောက်မှာတင် အိမ်ရှင်ဆန်းဒါးလန်းကို မန်ယူအဖွင့်ဂိုး ပေးလိုက်ရပါတယ်။ ပြစ်တင်ဘောကတဆင့် ဆန်းဒါးလန်းကစားသမား ခါဇရီက သွင်းယူသွားတာဖြစ်ပါတယ်။ ချက်ခြင်းပဲ မန်ယူအသင်း တိုက်စစ်ပြန်ဆင်ခဲ့ပေမယ့် ဆန်းဒါးလန်း ခံစစ်က တည်တည်ငြိမ်ငြိမ် တုန့်ပြန်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းက ဆန်းဒါးလန်းကို မိနစ်သုံးဆယ်လောက်နီးပါး ဆက်တိုက်ဖိကစားခဲ့ပြီးနောက် ပွဲချိန် ၃၉ မိနစ်မှာ ချေပဂိုး ပြန်ရသွားပါတယ်။

play

 

မာတာရဲ့ အားပါပြင်းထန်တဲ့ကန်ချက်ကို ဆန်းဒါးလန်းဂိုးသမား ပုပ်ထုတ်လိုက်ရလို့ မာရှယ်အခွင့်အရေး ရသွားတာပါ။ ပြန်ထွက်လာတဲ့ ဘောလုံးကိုမာရှယ်က အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာ မန်ယူတိုက်စစ်အားသိပ်မကောင်းတော့ပဲ ဆန်းဒါးလန်းက တစ်ချက်တစ်ချက် ပြန်ပြီးထိုးဖောက် လာခဲ့ပါတယ်။

play

 

၇၁ မိနစ်အရောက်မှာ ဆန်းဒါးလန်းက ဒီဖိုးအစား ဘိုရီနီ ဝင်လာပါတယ်။ ၈၂  မိနစ်မှာ ဆန်းဒါးလန်းက မထင်မှတ်ပဲ အနိုင်ဂိုးရသွားခဲ့ပါတယ်။ ထောင့်ကန်ဘောကို ဆန်းဒါးလန်း ကစားသမားကိုနေးက ခေါင်းတိုက်လိုက်တာပါ။ ဂိုးသမား ဒီဂီယာဖမ်းလိုက်ပေမယ့် သူ့ရဲ့လက်နဲ့ ထိပြီး ဂိုးဝင်သွားတာ ဖြစ်ပါတယ်။

play

 

မိနစ်ကိုးဆယ်မှာ ဒီပေးရဲ့အပိုင်ကန်ချက် အိုရှေးနဲ့ ထိပြီးထွက်သွားလို့ ချေပဂိုးမရပဲ ထောင့်ကန်ဘောသာ ရခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video