AD
AD
AD
play

 

Facebook ကနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်ခွင့်အတွက် ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ကြားမိလိုက်ကြမယ်ထင်ပါတယ်။

Facebook ကအဲဒီလို ပရီးမီးယားလိဂ်ပြိုင်ပွဲတွေတိုက်ရိုက်ထုတ်လွှင့်ဖို့ကြိုးစားနေတုန်းဆိုပေမယ့် လက်ရှိအချိန်မှာကိုပဲ ဘောလုံးပွဲတွေကိုတိုက်ရိုက် ထုတ်လွှင့်နေတဲ့ Facebook Page တွေ၊ ဝက်ဘ်ဆိုဒ်တွေ နဲ့ Application တွေတောင်ရှိနေပြီ ဖြစ်တာကြောင့် စမတ်ဖုန်းနဲ့ပဲ အွန်လိုင်းကနေ ဘောလုံးပွဲတိုက်ရိုက်ကြည့်တဲ့သူတွေ၊ ပွဲပြီး Highlight ၊ ပွဲကြို Review နဲ့ တခြားအားကစားသတင်းတွေကို ကြည့်တဲ့သူတွေ အတော်လေးများပြားနေပြီဖြစ်ပါတယ်။

အွန်လိုင်းကနေဖုန်းနဲ့တိုက်ရိုက်ကြည့်တာရဲ့ အားသာချက်က နေရာမရွေး၊အချိန်မရွေးကြည့်နိုင်တာ၊ တီဗွီ နဲ့ ရုပ်သံဖမ်းစက်တွေမလိုအပ်တာ နဲ့ ကြည့်နေရင်းနဲ့ကိုယ်သိချင်တဲ့အချက်အလက်တွေကိုပါ တစ်ခါတည်းအလွယ်တကူ ရှာဖွေနိုင်တာတို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့တစ်ဖက်မှာလည်း ဖုန်းစခရင်သေးသေးလေးမှာကြည့်ရလို့ အားမရတာ၊ ဖုန်းဘေလ်ကုန်တာဆိုတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအားနည်းချက်တွေကို မခံစားရဘဲ စမတ်ဖုန်းနဲ့ အွန်လိုင်းကနေ ဘောလုံးပွဲတွေ၊ Highlight တွေနဲ့တခြားအားကစားနဲ့ဆက်စပ်တဲ့သတင်းတွေ၊ ဗွီဒီယိုတွေကို ခံစားနိုင်မယ့် သတင်းကောင်းတစ်ခုရှိပါတယ်။

အဲဒါကတော့ Samsung ကနေမြန်မာနိုင်ငံမှာ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Note Fan Edition စမတ်ဖုန်းပါပဲ။

play

 

Galaxy Note Fan Edition ဟာဆိုရင် ၅.၇ လက်မ အရွယ်အစားရှိတဲ့ QHD Super AMOLED မျက်နှာပြင်နဲ့ ပိုမိုတောက်ပတဲ့အရောင်၊ ပိုမိုနက်မှောင်တဲ့ အနက်ရောင်တို့ပါဝင်တာကြောင့် ဘောလုံးပွဲနဲ့တခြားဗွီဒီယိုတွေကို အွန်လိုင်းမှာကြည့်တဲ့အခါ ဖုန်းနဲ့ကြည့်နေရတယ်ဆိုတာကိုတောင် မေ့သွားလောက်ပြီး တကယ့်ကို အရည်အသွေးကောင်းတဲ့တီဗွီတစ်လုံးနဲ့ကြည့်နေရသလို ခံစား ရစေမှာပါ။ ဒါ့အပြင် အလင်းအမှောင်တိကျပြတ်သားမှု၊ အရောင်အသွေးတောင်ပစုံလင်မှုတွေကြောင့် ဘယ်စမတ်ဖုန်းနဲ့မှ မတူဘဲပြိုင်ဘက်ကင်းတဲ့ဖျော်ဖြေရေး အတွေ့အကြုံတွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Galaxy Note Fan Edition မိတ်ဆက်တဲ့အထိမ်းအမှတ်အနေနဲ့ အထူးအစီအစဉ်အဖြစ် Ooredoo Myanmar နဲ့ပူးပေါင်းပြီး Note Fan Edition ဝယ်ယူတဲ့သူတိုင်း အူရီဒူးဖုန်းဘေလ် ၁၀၀၀၀ ငွေဖြည့်ရုံနဲ့ အင်တာနက်လက်ဆောင် 1GB ကို (အများဆုံး ၉၉ ကြိမ်အထိ) ၃ လက်ဆက်တိုက်ရရှိမှာဖြစ်တာကြောင့် ဖုန်းဘေလ်ကုန်ကျစရိတ်လည်း သက်သာဦးမှာပါ။

Note Fan Edition မှာဆိုရင် Note 7 စမတ်ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ပိုမိုကောင်းမွန်စိတ်ချရအောင် ပြန်လည်ပြင်ဆင်ထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်လာပြီး 8 Point Battery Safety Check စနစ်နဲ့ စမ်းသပ်စစ်ဆေးထားတဲ့ 3200 mAh ဘက်ထရီအသစ်တွေကိုတပ်ဆင်ထားတာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ပြန်လည်ဆန်းသစ်ထားတဲ့ အနုစိတ်ဖန်တီးမှုလက်ရာ၊ အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ထူးခြားဆန်းသစ်တဲ့ မျက်နှာပြင်ခုံးဒီဇိုင်းတို့ဖန်တီးထားပြီး ရေစိုခံနိုင်တဲ့ IP68 အဆင့်ရှိကိုယ်ထည်နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။

ကင်မရာပိုင်းမှာတော့ အနောက်ဘက်ကင်မရာက Dual Pixel 12 MP ရှိပြီး အရှေ့ဘက်ကင်မရာက 5 MP ဖြစ်ကာ ဆမ်ဆောင်းရဲ့အဆင့်မြင့်ကင်မရာလုပ်ဆောင်ချက်တွေပါဝင်တာကြောင့် အကောင်းဆုံးပုံရိပ်တွေကိုဖမ်းယူပေးနိုင်စွမ်း ရှိပါတယ်။

စွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင် RAM 4GB ၊ Octa-core (2.3GHz Quad + 1.6GHz Quad), 64-bit, 14 nm processor ၊ Android Version 7.0 နဲ့ဖြစ်ကာ အချက်အလက်တွေသိမ်းဆည်းဖို့အတွက် 64 GB Memory ပါဝင်ပါတယ်။

တခြားအဆင့်မြင့်စမတ်ဖုန်းတွေမှာပါဝင်တဲ့ Audio ပိုင်း၊ Sensor ပိုင်း နဲ့ Connectivity ပိုင်းလုပ်ဆောင်ချက်တွေအားလုံး အပြည့်အစုံပါဝင်မယ်ဆိုတာကိုတော့ အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။

Galaxy Note Fan Edition ရဲ့ဈေးနှုန်းက ၇၉၉၀၀၀ ကျပ်ဖြစ်ကာ လက်ရှိမြန်မာနိုင်ငံမှာဝယ်ယူရရှိနိုင်နေပြီဖြစ်ပြီး အပြာရောင် (Blue Coral ) နဲ့ အနက်ရောင် (Black Onyx) ဆိုပြီးအရောင်နှစ်ရောင် ရွေးချယ်နိုင်မှာဖြစ်ပြီး KBZ ဘဏ်နဲ့ ချိတ်ဆက်ကာ ၆ လ အတိုးမဲ့အရစ်ကျစနစ်နဲ့လည်း ဝယ်ယူနိုင်မယ်ဦးမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD