Sports: Star Wars ထက် နာမည်ကြီးသွားတဲ့ မော်ရင်ဟို

မင်းငါ့ကို ကျရှုံးအောင် လုပ်လေလေ မင်းထင်ထားတာထက်ပိုပြီး ငါအင်အားကြီးလာလေလေ” ဆိုတာမျိုး မော်ရင်ဟိုကတော့ လုပ်ပြနေပါပြီ။

play

 

ချယ်လ်ဆီးနည်းပြရာထူးက ထုတ်ပယ်ခံလိုက်ရပေမယ့် မော်ရင်ဟိုရဲ့ အရှိန်အဝါကတော့ ကြီးမားနေဆဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်း အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးနေတဲ့ Star Wars ရုပ်ရှင်ဇာတ်ကားကိုတောင် မော်ရင်ဟိုရဲ့ နာမည်ကြီးမှုက ကျော်လွန်သွားတာပါ။

မော်ရင်ဟိုကို ထုတ်လိုက်ပြီလို့ ကြေငြာလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ Searh Engine ဖြစ်တဲ့ google ပေါ်မှာ မော်ရင်ဟိုနာမည်ကို ရှာဖွေမှုက နံပတ်-၁ ဖြစ်သွားပါတယ်။ မော်ရင်ဟို မတိုင်ခင်မှာတော့ Star Wars ရုပ်ရှင် ဇာတ်ကားနာမည်က နံပတ် ၁ ဖြစ်နေတာပါ။

play

 

ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ဟာ တွစ်တာပေါ်မှာလည်း Star Wars ကို ဒုတိယရောက်သွားစေခဲ့ပါတယ်။ တွစ်တာမှာလည်း မော်ရင်ဟို၊ မော်ရင်ဟို ဆိုတဲ့ နာမည်တွေ နာရီပိုင်းအတွင်းမှာပဲ ရှာဖွေမှု နံပတ် ၁ နေရာကို ရောက်လာတာပါ။

play

 

Star Wars ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင် အိုဘီဝမ်ကီနိုးဘီ ပြောသလိုပဲ “ မင်းငါ့ကို ကျရှုံးအောင် လုပ်လေလေ မင်းထင်ထားတာထက်ပိုပြီး ငါအင်အားကြီးလာလေလေ” ဆိုတာမျိုး ဖြစ်နေပါပြီ။

Source & : espnfc

Photos : starwars.ea

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ