Sports: ကလေးအဖေ ဖြစ်တော့မယ့် The Rock (Dwayne Johnson)

The Rock တစ်ယောက် ကလေးအဖေဖြစ်တာ ဘယ်လောက်ပျော်နေတဲ့အကြောင်း သူ Instagram မှာရေးထားတာ ကြည့်ရင် တွေ့နိုင်ပါတယ်။

play

 

photo : The Rock Instagram

နပမ်းသမားဟောင်းကြီးဖြစ်ပြီး ဟောလီးဝုဒ်သရုပ်ဆောင်လည်းဖြစ်သူ The Rock ဟာာ မကြာခင် ဖခင်တစ်ယောက် ဖြစ်လာဖို့ သေချာသွားပြီဖြစ်ပါတယ်။ သူ့ချစ်သူမှ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်း The Rock က Instagram မှာပထမဆုံးအကြိမ် ကြေငြာလိုက်တာပါ။

play

photo : www.nme.com

Instragram မှာ The Rock ရေးထားတဲ့ စာအပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ “ ကြံ့ခိုင်သန်မာတဲ့ အမျိုးသမီးတစ်ယောက်နဲ့အတူ ကျွန်တော်နေထိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့မှာ လိုတဲ့အရာ ဆိုလို့ တစ်ခုတည်းပဲရှိတော့တာပါ။ အခုတော့ လိုချင်တဲ့ သမီးမိန်းကလေးကို တွေ့ခွင့်ရတော့မှာပါ။ ကျွန်တော့်ကို အားပေးခဲ့ကြသူတွေအားလုံးကိုလည်း တစ်ယောက်မကျန် ကျေးဇူးတင်ပါတယ်။ ဒီသတင်းစကားကို ကြေငြာရတာအရမ်းကို ပျော်မိပါတယ်” လို့ နပမ်းသမားဟောင်းကြီး The Rock ကပြောခဲ့တာပါ။

play

photo : www.wrestlestars.com

Fast & Furious နောက်ပိုင်းဇာတ်ကားတွေမှာ ပေါလ်ဝေါ်ကာတို့နဲ့အတူ အတွဲညီခဲ့တဲ့ The Rock ကိုလည်း မကြာခင်ဟောလီးဝုဒ်တစ်ဝိုက်မှာ သမီးငယ်နဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Source : www.elitedaily.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ