မိုဒရစ်နေရာ အစားထိုးဖို့ ရီးရဲလ်က စိတ်ဝင်စားနေတာပါ။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။


Photo: Goal.com

 

- အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ Daily Mirror ရဲ့ ဖော်ပြချက်အရ အူနိုင်းအမ်မရီအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားတောင့်တင်းအောင် ပြုလုပ်ဖို့ ဆန္ဒရှိနေပြီး ဒမ်ဘီလီကို အပြီးသတ်ခေါ်ယူမှု မပြုလုပ်နိုင်ပါက တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ကီပါကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီး 

Photo: Goal.com

 

- ကွင်းလယ်လူ လူကာမိုဒရစ် အသင်းက ထွက်ခွာခဲ့ပါက ရီးရဲလ်မက်ဒရစ်ဟာ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ အဲရစ်ဆင်ကို ပြန်လည်အစားထိုး ခေါ်ယူမယ့် နံပါတ် (၁) ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဝှိုက်ဟတ်လိန်းကလပ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ပိုချက်တီနိုက အသင်းမှာပဲ ဆက်ရှိဖို့ မျှော်လင့်နေပေမယ့် ရီးရဲလ်က အမှန်တကယ် ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ အသင်းက ထွက်ခွာနိုင်တယ်လို့ သိရပါတယ်။

Photo: Goal.com

 

- ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုန်းဘိုတန်ရဲ့ အေးဂျင့်ဖြစ်သူဟာ ကစားသမားအတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် ဘိုတန်ကို ပီအက်စ်ဂျီက ချိတ်ဆက် ခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါ နဲ့ လီဂူးဝမ်း အပြောင်းအရွှေ့ဟာ သြဂုတ်လကုန်မှ ပိတ်သိမ်းမှာ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက် လာဖွယ် ရှိနေပါတယ်။

Photo: Goal.com

 

- ဘွန်ဒက်လီဂါကလပ် ရှော်လ်ကေးအသင်းဟာ စပါးအသင်းရဲ့ ဘယ်အစွန်နောက်ခံလူ ဒန်နီရို့စ်ကို အငှားခေါ်ယူဖို့အတွက် စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ရို့စ်ကို ခေါ်ယူဖို့ ရှော်ကေးလ် နဲ့ စပါးအသင်းတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ အသက် (၂၈)နှစ်အရွယ် ဒန်နီရို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စပါးအတွက် ပရီးမီးယားလိဂ်ပွဲ (၁၀)ပွဲသာ ကစားခဲ့ရပြီး ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။

Photo: Goal.com

 

- ရီးရဲလ်အသင်းရဲ့ ဂိုးသမား ကေလာနာဗက်စ်က ကော်တွိုက်စ် အသင်းကို ရောက်ရှိလာပေမယ့်လည်း သူ့အနေနဲ့ ဘာနေဗျူးက ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ကော်စတာရီကာအသင်းရဲ့ ဂိုးသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပထမဂိုးသမားအဖြစ် နှစ်အနည်းငယ် တာဝန်ယူခဲ့သူ ဖြစ်ပေမယ့်လည်း ကော်တွိုက်စ် ရောက်ရှိလာပါက နေရာဖယ်ပေးရနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က