Sports: UFC ချန်ပီယံရူဆေး မရှုမလှရှုံးနိမ့်ပြီး အရှက်တကွဲလှောင်ပြောင်ခံရ

play

 

UFC ပြိုင်ပွဲရဲ့ နာမည်ကျော်ချန်ပီယံရွန်ဒါရူဆေးဟာ ချန်ပီယံဆိုကို မကာကွယ်နိုင်ခဲ့တဲ့နောက် လူမှုကွန်ယက်ပေးမှာလည်း သူမပြိုင်ဘက်တွေရဲ့ လှောင်ပြောင်အောင်ပွဲခံမှုကို ခံနေရပါပြီ။ ဒါပမယ့် တစ်ညတာ ဆေးရုံတက်ခဲ့ရပြီးနောက်ပိုင်း သူမပြန်လာမယ်လို့ ရူဆေးက ကြုံးဝါးထားပါတယ်။

play

 

ပြိုင်ဘက်ဟွမ်းရဲ့ အားပါပြင်းထန်တဲ့ လက်သီးချက်နဲ့ ခြေကန်ချက်တွေကို ခံစားခဲ့ရပြီးနောက် ရူဆေးဟာ သူမရဲ့ ရှုံးပွဲမရှိ စံချိန်ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ရူဆေးကို ပြိုင်ဘက် ဟွမ်းက အနိုင်ယူခဲ့တဲ့အပေါ် သူမရဲ့ ပြိုင်ဘက်ဟောင်းတွေကလည်း လူမှုကွန်ယက်တွေပေါ်မှာ စောင်းမြောင်းအောင်ပွဲခံလျှက်ရှိပါတယ်။

အထူးသဖြင့် အနိုင်ရသူ ဟွမ်းကို ချီးကျူးတဲ့စာသားတွေနဲ့ ရူဆေးရှုံးနိမ့်မှုအပေါ် ကျေနပ်တဲ့ စာသားတွေ ရေးတင်ကြတာဖြစ်ပါတယ်။ အများစုက ရူဆေးရဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်ပြီး ကြိုးဝိုင်းထဲမှာ တွေ့ဖူးကြသူတွေပါ။

play

 

ရှုံးနိမ့်သွားသူ ရူဆေးကတော့ မကျေပွဲပြန်နွှဲဦးမယ်လို့ဆိုထားပါတယ်။ လောလောဆယ်တော့ သူမ အချိန်ကာလတစ်ခုအထိ အနားယူရဦးမှာပါ။ အနိုင်ရသူဟွမ်းဘက်ကလည်း ပြန်လည်ထိုးသတ်မယ့်ပွဲဟာ ဖြစ်လာဖို့ရှိတယ်လို့ ဆိုထားပါတယ်။ ရူဆေးအတွက် မကျေပွဲထိုးပေးဖို့ ထိုက်တန်ကြောင်း သူမက ပြောပါတယ်။ ဒီတော့ မထင်မှတ်ပဲ ရှုံးနိမ့်သွားတဲ့ ချန်ပီယံဟောင်းရူဆေးနဲ့ ချန်ပီယံသစ်ဟွမ်းတို့ရဲ့ မကျေပွဲကို ပရိသတ်တွေ ပြန်လည်တွေ့မြင်ရဖို့ ရှိနေကြောင်းပါ။

သူမရဲ့ အရှုံးကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခု

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ