UPDATE NEWS: လီဗာပူးကို မန်ယူအနိုင်ရပြီး ရွန်နေး ဂိုးသွင်းစံချိန်ချိုး

အသင်းခေါင်းဆောင်ရွန်နေးက ဒီပွဲအတွက် အနိုင်ဂိုး သွင်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ဂိုးသွင်းစံချိန်သစ် ရသွားပါတယ်။

play

 

ဖိအားများနေတဲ့ မန်ယူအသင်းဟာ အန်ဖီးလ်ကွင်းမှာ အိမ်ရှင်လီဗာပူးကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရယူပြီး အသက်ရှုချောင်သွားခဲ့ပါတယ်။ ရွန်နေးလည်း ဂိုးသွင်းစံချိန်သစ် တစ်ခုရခဲ့ပါတယ်။

play

 

မန်ယူအသင်းဘက်က မာရှယ်၊ ရွန်နေး၊ ဟာရဲယား၊ ဖယ်လိုင်နီတို့နဲ့ ပွဲထွက်ခဲ့ပြီး စမောလင်း၊ အက်ရှ်လေယန်း၊ ဘလင်းနဲ့ ဒါမီယန်တို့ ပါဝင်ခဲ့ပါတယ်။ လီဗာပူးတိုက်စစ်ကိုတော့ ဖာမီနို၊ အမ်မရီချန်နဲ့ လူးကပ်စ်တို့ ဦးဆောင်ခဲ့တာပါ။

ပထမပိုင်းမှာ နှစ်သင်းလုံး အပိုင်ဂိုးသွင်းခွင့်တွေ သိပ်ဖန်တီးနိုင်တာမျိုး မရှိခဲ့ပါဘူး။ ကွင်းလယ်မှာ ဖယ်လိုင်နီနဲ့ လူးကပ်စ် ခဏခဏ အချင်းများနေလို့ ကွင်းလယ်ဒိုင် သတိပေးခဲ့ရပါတယ်။ ပထမပိုင်းမှာ ပိုပြီးအခွင့်အရေး ရခဲ့တာက လီဗာပူးပါ။ အမ်မရချန်၊ ဟန်ဒါဆင်နဲ့ ဖာမီနိုတို့ ဂိုးပေါက်ကန်ခွင့်တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး။

play

 

၄၂ မိနစ်မှာ အက်ရှ်လေယန်း ဒဏ်ရာရသွားလို့ ဘော့သ်ဝစ်ခ်ဂျက်ဆင် လူစားထိုးဝင်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မာရှယ်နဲ့ ရွန်နေးက ပိုပြီးတော့ လီဗာပူးဘက်ကို ထိုးဖောက်ဒုက္ခပေးနိုင်ခဲ့ပါတယ်။ နှစ်သင်းလုံး တိုက်စစ်က ထက်ထက်မြက်မြက် သိပ်မရှိလှပဲ ဂိုးမပေးရရေး ပိုပြီးအာရုံစိုက်နေလို့ ဂိုးတွေသိပ် မမြင်ခဲ့ရတာပါ။

play

 

ပွဲချိန် ၇၈ မိနစ်မှာတော့ မထင်မှတ်တဲ့ အခြေအနေကနေ မန်ယူအတွက် အဖွင့်ဂိုးရသွားပါတယ်။ ထောင့်ကန်ဘောကို ဖယ်လိုင်နီခေါင်းတိုက်ချက် တိုင်ထိပြီး ပြန်ထွက်လာပါတယ်။ ပြန်ထွက်လာတဲ့ ဘောလုံးကို ရွန်နေး လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရလိုက်လို့ မန်ယူအတွက် တစ်လုံးတည်းသာ အနိုင်ဂိုးရသွားပါတယ်။

play

 

၂၀၁၂ နောက်ပိုင်း ရွန်နေးအတွက် လေးပွဲဆက်တိုက် ပထမဆုံး ဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီဂိုးကြောင့် ရွန်နေးက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၇၆ ဂိုးရှိလာပြီး ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါတယ်။ ဗန်ဟားလ်လက်ထက်မှာ လီဗာပူးကိုမရှုံးသေးတဲ့ စံချိန်လည်း ထပ်တင်နိုင်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ