Sports: ပွဲကြိုရင်ခုန်သံ - နယူးကာဆယ် Vs လီဗာပူး

ဒီပွဲနိုင်ရင်တော့ လီဗာပူးက အဆင့်-၅ နေရာကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

play

 

စနေည ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးခဲ့ပြီးနောက် ဒီကနေ့ညမှာတော့ လီဗာပူးအသင်းက နယူးကာဆယ် အိမ်ကွင်း စိန့်ဂျိန်းပါ့ခ်မှာ သွားရောက်ကစားရမှာပါ။ ရလဒ်တွေဆိုးပြီး ခြေစွမ်းကျဆင်းနေတဲ့ နယူးကာဆယ်ကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့်လည်း လီဗာပူးကစားသမားတွေကို ပေါ့ပေါ့ဆဆ မကစားဖို့ နည်းပြဂျာဂန်ကလော့က သတိပေးထားပါတယ်။

ကလော့လက်ထက်မှာ ရလဒ်တွေပြန်ကောင်းလာပြီး တစ်ပွဲပဲရှုံးထားသေးတဲ့ လီဗာပူးက အဆင့်၁၉ နေရာက နယူးကာဆယ်ကို ရင်ဆိုင်ရမှာပါ။ နယူးကာဆယ်မှာ အားထားရတဲ့ နောက်တန်းခံစစ်မှူး ဝီလီယံဆန်နဲ့ ဟိုင်ဒါရာ၊ အိုဘာတန် စတဲ့ကစားသမားတွေ မပါနိုင်ပါဘူး။

play

ဖိအားတွေများနေတဲ့ နယူးကာဆယ်နည်းပြ မက္ကလာရင်

လီဗာပူးဘက်မှာလည်း ကော်တင်ဟိုပါဖို့ မသေချာသလို အမ်မရီကန်လည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ လီဗာပူးလည်း အားနည်းကောင်းနည်းနေနိုင်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ လက်စတာ၊ ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ်တို့ကို ရှုံးခဲ့ပြီး ဘုန်းမောက်တစ်သင်းတည်းကိုသာ နိုင်ထားတဲ့ နယူးကာဆယ်ခြေစွမ်းက အထင်ကြီးလောက်စရာတော့ မတွေ့ရပါဘူး။ လီဗာပူးက နိုင်ပွဲဆက်နေချိန်ဖြစ်ပေမယ့် ဒီလိုအချိန်မျိုးမှာ အလွယ်တကူ နိုင်မယ်လို့တော့ မဆိုနိုင်ပါဘူး။

ဒီပွဲနိုင်ရင် လီဗာပူးက အဆင့်-၅ နေရာရောက်သွားပြီး ချန်ပီယံလိဂ်ဝင်ဖို့ အခြေအနေ  ကောင်းသွားတော့မှာပါ။ လီဗာပူးပဲ နိုင်မယ်လို့ ယူဆရပါတယ်။

play

 

ထူးခြားချက်ကတော့ ဒီနှစ်သင်းတွေ့ဆုံတိုင်း အကြိတ်အနယ်ဖြစလေ့ရှိပြီး နောက်ဆုံးတွေ့ထားကြတဲ့ ခုနှစ်ပွဲမှာ အနီကတ် ၇ ကတ်အထိ ပြခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းကို လီဗာပူးလောက် ဂိုးသွင်းနိုင်တဲ့ အသင်းမရှိသေးပါဘူး။ စုစုပေါင်း ၈၄ ဂိုးသွင်းထားတာပါ။

နယူးကာဆယ်နဲ့ လီဗာပူးလ် ပွဲစဉ်ကို Duwun ဝက်ဘ်ဆိုက်မှာ တိုက်ရိုက်တင်ဆက်ပေးထားပါတယ်။ လင့်ခ်က http://www.duwun.com.mm/sports/football/newcastle-united-liverpool-fc-id4405878.html ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ Tablet တွေနဲ့လည်း အဆင်ပြေပြေ ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ