Sports: ချယ်လ်ဆီး Vs ဆန်းဒါးလန်း ပွဲအကြို သုံးသပ်ချက်

နောက်ဆုံးငါးကြိမ် တွေ့ထားရာမှာ ဆန်းဒါးလန်းက ချယ်လ်ဆီးကို နှစ်ကြိမ်တောင် နိုင်ထားပါတယ်။

play

 

မော်ရင်ဟိုမရှိပဲ ကစားရမယ့် ပထမဆုံးပွဲစဉ်မှာ ချယ်လ်ဆီးက ခြေစွမ်းမကောင်းတဲ့ ဆန်းဒါးလန်း အသင်းနဲ့ ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းနိုင်တယ်လို့ မှန်းဆနေကြပါတယ်။ ချယ်လ်ဆီးက ဒီရာသီမှာ ကိုးပွဲတောင် ရှုံးခဲ့ပြီးပြီဖြစ်လို့ဒါဟာ ချန်ပီယံအသင်းအတွက် နှစ်ရာသီစာ ရှုံးပွဲဖြစ်ပါတယ်။ ရလဒ်ကောင်းဖို့ ရုန်းကန်နေတဲ့ ဆန်းဒါးလန်း အခွင့်အရေး ယူနိုင်မလား၊ ချယ်လ်ဆီးပြန်မလာမလား ဆိုတာ စောင့်ကြည့်ရမယ့်ပွဲပါ။

play

 

ချယ်လ်ဆီးက ဆန်းဒါးလန်းနဲ့တွေ့ရင် အမြဲအသာစီး ရနေကျ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတွေ့ထားတဲ့ ငါးပွဲမှာ ဆန်းဒါးလန်းက ချယ်လ်ဆီးကို အခက်တွေ့အောင် လုပ်ထားနိုင်ပါတယ်။ နောက်ဆုံးငါးပွဲမှာ ချယ်လ်ဆီးက နှစ်ပွဲပဲ နိုင်ပြီး ဆန်းဒါးလန်းက တစ်ပွဲနိုင်ကာ တစ်ကြိမ် သရေကျထားပါတယ်။ နောက်ဆုံးတွေ့ထားတဲ့ ၂၁ ကြိမ်ကို ကြည့်ရင်တော့ ချယ်လ်ဆီးက ၁၈ ပွဲတောင်နိုင်ပြီး နှစ်ပွဲပဲ ရှုံးထားတာပါ။

play

 

ချယ်လ်ဆီးဘက်မှာ တင်ပါးဒဏ်ရာရနေတယ်လို့ သတင်းထွက်နေတဲ့ အီဒင်ဟာဇက် ပါဖို့ မသေချာပါဘူး။ ဆန်းဒါးလန်းက နိုင်ပွဲတွေ မဲ့နေတဲ့အသင်းဖြစ်ပေမယ့် ပေါ့ပေါ့ဆဆတော့ ကစားလို့မရပါဘူး။ ချယ်လ်ဆီး အဆုံးသတ် ညံ့ရင် သရေလောက်ပဲ ရသွားနိုင်ပါတယ်။

Source : goal

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ