Sports: ဘာစီလိုနာ Vs ရေးဗားပလိတ် - ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ

ဘာစီလိုနာက ဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်လာမှာပါ။

play

 

ဂျပန်မှာကျင်းပနေတဲ့ ကလပ်အသင်းများကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၀၅း၀၀ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။ တစ်ဖက်က ဟီရိုရှီးမားအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲရောက်လာတဲ့ ရေးဗားပလိတ် အသင်းနဲ့ ဘာစီလိုနာတို့ ဗိုလ်လုပွဲ ကစားကြရမှာပါ။

ဘာစီလိုနာက ၂၀၁၅ ခုနှစ်ထဲမှာ ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတွေကို ရပြီးသားဖြစ်လို့ ဒီဖလားရရင် တစ်နှစ်တည်း ဖလားငါးလုံးရသွားမှာ ဖြစ်ပါတယ်။ ဒါပမေယ့် ဗိုလ်လုပွဲမှာ ဘာစီလိုနာ အသင်းဘက်က အဓိကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ပါဝင်ဖို့ မကျိမ်းသေ ဖြစ်နေပါတယ်။ သူတို့ရဲ့ ဒဏ်ရာကောင်းလာပြီဆိုပေမယ့် သေချာပေါက် ပါဝင်မယ်လို့တော့ အာမမခံနိုင်သေးဘူးလို့ ဘာစီလိုနာ နည်းပြက ပြောထားပါတယ်။

play

 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တစ်ကြိမ်ထက်ပိုပြီး ချန်ပီယံဖြစ်ဖူးတာ ဘာစီလိုနာနဲ့ ကိုရင်သီယန် အသင်းပဲ ရှိခဲ့ဖူးပါတယ်။ အခုဘာစီလိုနာ ချန်ပီယံထပ်ဖြစ်ခဲ့မယ်ဆိုရင် သုံးကြိမ်မြောက်ဖြစ်မှာပါ။ ဗိုလ်လုပွဲကို ဂျပန်နိုင်ငံ တိုကျိုက ယိုကိုဟားမား အမျိုးသားအားကစားကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Source : bbc

Photos : fcbarcelona

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ