Sports: ဘာစီလိုနာ Vs အသလက်တီကို (ပွဲကြိုခန့်မှန်းချက်)

နှစ်သင်းလုံးအတွက် တစ်သင်းကိုတစ်သင်း သုံးမှတ်ဖြတ်နိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရနိုင်တဲ့ ပွဲဖြစ်ပါတယ်။

play

 

ဒီတစ်ပတ် စပိန်လာလီဂါမှာ ကြည့်ရမယ့် ပွဲကြီးပွဲကောင်းက အမှတ်ပေးယားထိပ်ဆုံးက ဘာစီလိုနာနဲ့ အသလက်တီိကိုတို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားနိုင်တဲ့ ပွဲစဉ်မျိုးလည်း ဖြစ်ပါတယ်။

play

 

ဘာစီလိုနာက အသလက်တီကိုနဲ့ ၄၈ မှတ်ခြင်းတူညီနေပြီး အမှတ်ပေးဇယား အပေါ်ဆုံးမှာ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေတာပါ။ အသလက်တီကိုအတွက် မကောင်းတဲ့ အစဉ်အလာဆိုးတစ်ခုကတော့ ဘာစီလိုနာနဲ့ နောက်ဆုံးငါးကြိမ်တွေ့ရာမှာ ငါးကြိမ်လုံး ရှုံးနိမ့်ထားတာပါ။ ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ အသလက်တီကိုက ၂၀၀၆ ခုနှစ်မှာ နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း လုံးဝ နိုင်ပွဲမရသေးပါဘူး။

play

 

ပြီးခဲ့တဲ့ ကြားရက်အတွင်း စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ အသလက်တီကိုက ဆယ်လ်တာဗီဂိုကို ၃-၂ ဂိုးနဲ့ ရှုံးသွားပါတယ်။ မနှစ်ကို ဘာစီလိုနာကို ၃-၂ ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အသလက်တီကို သုံးဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် အသလက်တီကို ခံစစ်က ကျစ်လစ်တယ်လို့ ဆိုနိုင်ပါတယ်။

play

 

ဘာစီလိုနာကလည်း အကောင်းဆုံးအချိန်ကို ပြန်ရောက်နေတာပါ။ နေမာ၊ မက်ဆီနဲ့ ဆွာရက်ဇ်တို့အားလုံး ဂိုးသွင်းခြေကောင်းနေကြပါတယ်။ ဘာစီလိုနာဘက်ကမှာ ပွဲပယ်ခံရထားရတဲ့ ပီကေးလည်း ပြန်ပါလာပြီ ဖြစ်သလို တူရန်နဲ့ အယ်လ်ဘာတို့လည်း ပြန်ပါနိုင်ကြပါပြီ။ အသလက်တီကိုဘက်မှာ တိုက်စစ်မှူး တောရက်စ် ဒဏ်ရာမသက်သာသေးလို့ ပြန်ပါဖွယ် မရှိပါဘူး။

play

 

အစဉ်အလာအတိုင်း ဒီပွဲလည်း ဘာစီလိုနာပဲ နိုင်ဦးမှာပါ။ ဂိုးတော့ ပြတ်မယ် မထင်ပါဘူး။

Source : IBtime

Photos : ESPN, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ