Sports: အာဆင်နယ် Vs ဘန်လေ အက်ဖ်အေဖလား ပွဲကြိုခန့်မှန်းချက်

, updated

အာဆင်နယ်အသင်းက သုံးနှစ်ဆက်တိုက် အက်ဖ်အေဖလား ချန်ပီယံဖြစ်ဖို့ ကြိးစားရမှာပါ။

 

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေထဲမှာ အာဆင်နယ်နဲ့ ဘန်လေအသင်း တွေ့ဆုံမယ့်ပွဲစဉ်လည်း ပါဝင်နေပါတယ်။ အက်ဖ်အေဖလားကို သုံးနှစ်ဆက် စံချိန်တင်ရယူဖို့ ကြိုးစားမယ့် အာဆင်နယ်အသင်းနဲ့ ဘန်လေက ဒီနေ့ည ၉း၃၀ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

play

 

ချန်ပီယံရှစ်ကလပ် ဘန်လေနဲ့ ကစားမယ့်ပွဲ ဖြစ်ပေမယ့် လူငယ်ကစားသမားအများအပြားနဲ့ ပွဲထွက်လာမှာ မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြဝင်းဂါးက ပြောထားပါတယ်။ အာဆင်နယ်အသင်းဘက်မှာ ကိုကီလင်း၊ ရိုဆစ်စကီးတို့လည်း ဒဏ်ရာက ပြန်သက်သာလာပြီလို့ ဆိုပါတယ်။ ဝဲလ်ဘက်ကတော့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပေမယ့် ပါဝင်နိုင်ဦးမှာ မဟုတ်ပါူဘး။ ဒါပေမယ့် လူငယ်ကစားသမားဖြစ်တဲ့ အီဝေါ်ဘီ ပါဝင်လာဖွယ်ရှိပါတယ်။ အသစ်ခေါ်ယူထားတဲ့ မိုဟာမက်အယ်လ်နန်နီကိုလည်း ဒီပွဲမှာ ပွဲထုတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

play

 

ဘန်လေက ချန်ပီယံရှစ်မှာ တန်းတက်ဖို့ အခြေနေကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။ နောက်ဆုံး ကစားထားတဲ့ ရလဒ်တွေအရလည်း ခြေစွမ်းတည်ငြိမ်နေတဲ့ အသင်းလို့ ဆိုနိုင်ပါတယ်။ နှစ်သစ်ကူးမတိုင်ခင် ပွဲစဉ်ကတည်းက ဘန်လေဟာ ရှုံးပွဲမရှိသေးပါဘူး။ အကောင်းဆုံး တိုက်စစ်ခြေစွမ်းကိုလည်း ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။

play

 

အာဆင်နယ်အိမ်ကွင်းမှာ ကစားရမယ့်ပွဲဖြစ်တာကြောင့် ဘန်လေအတွက် မလွယ်လှပါဘူး။ နှစ်သင်းလုံးက အမှတ်ပေးလိဂ်ကိုယ်စီမှာလည်း အာရုံစိုက်နေကြရတာပါ။ အာဆင်နယ်က ချယ်လ်ဆီးကို ရှုံးပြီးနောက် တတိယနေရာကို ရောက်သွားလို့ ဒီပွဲကို မလိုအပ်ပဲ စွန့်စားမှုတွေ လုပ်မှာမဟုတ်ပါဘူး။ ဒီနှစ်မှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ်ဖလားရဖို့က ပိုအရေးကြီးနေတာပါ။

ပွဲချိန်မိနစ်ကိုးဆယ်အတွင်း ဘန်လေကို နိုင်ဖို့ အာဆင်နယ် အတော်လေး ရုန်းကန်ရမှာပါ။ သရေလောက် ဖြစ်သွားမယ် ထင်ပါတယ်။

Source : IBT

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ