AD
AD
AD

ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဂျာမနီအသင်းရဲ့ ပထမဦးစားပေး ဂိုးသမား နူအာအနေနဲ့ သြစတြီးယားအသင်းနဲ့ ကစားမယ့် ခြေစမ်း ပွဲစဉ် အတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဖလား မတိုင်မီ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ရှိနေတဲ့ ဂျာမနီအသင်းအတွက် နူအာ အကောင်းဆုံး ပွဲထွက် ကစားသွားမယ်လို့ အသင်း ဂိုးနည်းပြ က ထုတ်ဖော်ပြောလာခဲ့ပါတယ်။

play

 

"သူ ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ယခုကစာမယ့် ပွဲစဉ်တွေကို နူအာအတွက် အရမ်းအရေးကြီးတဲ့ စမ်းသပ်ခံ ပွဲတွေလည်း ဖြစ်လာမှာပါ။" လို့ ဂျာမနီအသင်း ဂိုးနည်းပြက ပြောခဲ့ပါတယ်။

ဂျာမနီနည်းပြ ဂျိုအာချင်လောကလည်း နူအာရဲ့ဒဏ်ရာ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ပြန်လည်ကောင်းမွန်လာနေပြီလို့ ထုတ်ဖော်ပြောခဲ့တာ ရှိ ပေမယ့်လည်း ခြေစမ်းပွဲတွေမှာ တစ်ခုခု လုပ်မပြနိုင်ပါက ကမ္ဘာ့ဖလားက ဘာစီလိုနာ ဂိုးသမား သာစတီဂန်းအတွက် ဖြစ်သွားမှာလည်း ရှိနေ တယ်လို့ ချင်လောက ပြောထားပါတယ်။

နူအာကိုယ်တိုင်ကလည်း -" ကျွန်တော့် အခြေအနေတိုးတက်ကောင်းမွန်နပါပြီ။နည်းပြနဲ့ ဆေးအဖွဲ့လည်း ပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်။ အသင်းနဲ့အတူ ရှိနေခွင့်ရတဲ့အတွက်လည်း ပျော်ရပါတယ်။အခုတော့ လေ့ကျင့်ခန်းတိုင်းက ကျွန်တော်အတွက် အရမ်းကို အရေးကြီးနေပါတယ်။" လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလား အုပ်စု(စ)တွင် ဆွီဒင်၊မက္ကဆီကို၊တောင်ကိုရီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ကမ္ဘာ့ဖလား ပွဲမတိုင်မီမှာတော့ လာမယ့် စနေနေ့မှာ သြစတြီးယားအသင်း ဇွန် ၈ရက်နေ့မှာ ဆော်ဒီအသင်းတို့နဲ့ ခြေစမ်း ကစားသွားဖို့ ရှိနေပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD