AD
AD
AD

ရိုမေးနီးယား စတုတ္ထတန်းလိဂ်ပြိုင်ပွဲတစ်ခုက ကစားသမားတစ်ယောက်ဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ နာမည်ကျော်ကြားခဲ့တဲ့ ဘရာဇီးလ်စူပါစတား ရော်နယ်ဒိုရဲ့ ဆံပင်ပုံစံကို တုပပြီး ညှပ်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ (၁၆)နှစ်က အဆိုပါ ဆံပင်ပုံစံကို ညှပ်ခဲ့တာဖြစ်ပြီး နာမည်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဂျာမနီနဲ့ကစားရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီမှာ ရော်နယ်ဒိုက အဆိုပါဆံပင်ပုံစံကို ညှပ်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ အနိုင်ဂိုး (၂)ဂိုးသွင်းယူကာ ဘရာဇီးလ်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်စေခဲ့ပါတယ်။ အခုအခါမှာတော့ ရိုမေးနီးယား စတုတ္ထတန်းလိဂ်က ကစားသမားဟာ ရော်နယ်ဒိုရဲ့ ဆံပင်ပုံစံနဲ့ တစ်ထပ်တည်းတူညီအောင် ညှပ်ခဲ့တာ ဖြစ်ပြီး ဓာတ်ပုံမြင်ကွင်းများအရ လုံးဝထပ်တူ တူညီနေတာပဲ ဖြစ်ပါတယ်။

play

 

ဒါဟာ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ရဲ့ ကွင်းတွင်းခြေစွမ်းတင်မကပဲ သူတို့ရဲ့ နေထိုင်မှုပုံစံကိုပါ အတုယူနှစ်ခြိုက်နေတဲ့ ပရိသတ်တွေ ရှိတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာလည်း သူ့အနေနဲ့ အဲဒီလို ဆံပင်ပုံစံအဆန်းကို ညှပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို အခုလိုပဲ ရှင်းပြခဲ့ဖူးပါတယ်။

play

 

" ကျွန်တော် ခြေထောက်ဒဏ်ရာရနေချိန်မှ အားလုံးက အဲဒီဒဏ်ရာအကြောင်းပဲ ပြောနေခဲ့ကြပါတယ်၊ အဲဒီနောက်မှာတော့ ကျွန်တော့်ခေါင်းမှာ ဆံပင်နည်းနည်းပဲထားပြီး ညှပ်ပစ်ခဲ့ပါတယ်၊ ပြီးတော့ အသင်းရဲ့ လေ့ကျင့်ကွင်းကို ရောက်တဲ့အခါ ကျွန်တော့်ရဲ့ ဆိုးရွားလှတဲ့ ဆံပင်ပုံစံကို အားလုံးမြင်တွေ့ရတော့တာပါပဲ" လို့ ရော်နယ်ဒိုက ပြန်ပြောင်းပြ ပြောဆိုခဲ့ပါတယ်။

play

 

"လူတိုင်းက ကျွန်တော့်ဒဏ်ရာကို မေ့လျော့သွားပြီး ဆံပင်ပုံစံအကြောင်းကိုပဲ ပြောကြတော့တာပဲ၊ ဒီအတွက် လေ့ကျင့်ကွင်းမှာ သက်တောင့်သက်သာနဲ့ လေ့ကျင့်ခန်းပြုလုပ်နိုင်ခဲ့ပါတယ်၊ ဒီဆံပင်ပုံစံအတွက် ကျွန်တော် ဂုဏ်မယူမိပါဘူး၊ ဘာလို့လဲဆိုတော့ ဒီဆံပင်ပုံစံက ဆန်းကြယ်နေလို့ပါ၊ ဒါပေမယ့် အားလုံးရဲ့ အာရုံစိုက်မှုခံနေရမှုကိုတော့ ကျွန်တော်ပြောင်းလဲနိုင်ခဲ့ပါတယ်" လို့ ရော်နယ်ဒိုက ပြောပြခဲ့ပါတယ်။

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကမ္ဘာကျော်ကစားသမားတွေရဲ့ ဘောလုံးစွမ်းရည်တွေတင်မကပဲ သူတို့ရဲ့ ထူးခြားဆန်းပြားတဲ့ ဆံပင်ပုံစံ တွေကြောင့်လည်း ပိုပြီး စိတ်ဝင်စားစရာဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမား အများစုဟာ သူ့ထက်ငါ သာလွန် ကောင်းမွန်တဲ့ ဆံပင်ပုံစံကို အမျိုးမျိုးတီထွင်ပြီး ညှပ်လေ့ရှိပြီး အားလုံးရဲ့ စိတ်ဝင်စားမှုကို ရယူလေ့ရှိခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD