AD
AD
AD

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းမှ ချန်လှပ်ထားခဲ့ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လီဂရိတ်က ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် ဘန်ဇီမာဟာ ဒေါသအပြင်းအထန်ထွက်ခဲ့ပြီးတော့ လီဂရိတ်ကို ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ဒီအတွက် ဘန်ဇီမာဟာ ပြင်သစ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရဖွယ် မရှိတော့တဲ့ အခြေအနေထိ ရောက်ရှိသွားခဲ့ပါတယ်။

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှ ဘန်ဇီမာကို ချန်ထားခဲ့တဲ့ နည်းပြ ဒီဒီယာဒက်ချမ့်ရဲ့ ဆုံးဖြတ်ချက်ကို လီဂရိတ်က ထောက်ခံပြောကြား ခဲ့အပြီးမှာ ဘန်ဇီမာက "ခင်ဗျားရဲ့ မျက်နှာအစစ်ကို မြင်တွေ့ခဲ့ရတာပါလား" လို့ ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လီဂရိတ်ကတော့ ဒက်ချမ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုကို အခုလိုပဲ ပြောသွားခဲ့ပါတယ်။

play

 

" ပုံပြင်ဟောင်းတစ်ပုဒ်ဖြစ်သွားပါပြီ၊ ကျွန်တော်တို့ နောက်ပြန်မလှည့်ပါဘူး၊ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာ အားလုံးက သဘောတူပါလိမ့်မယ်၊ သူက ရီးရဲလ်မှာ ပုံမှန်ကစားခွင့်လည်း ရနေပါတယ်၊ ဒါပေမယ့် ပြင်သစ်အတွက်တော့မဟုတ်ပါဘူး၊ သူက အသင်းရဲ့ သမိုင်းထဲက တစ်ပိုင်းတစ်စအဖြစ်ပဲ ရှိနေပါတော့တယ်၊ ကျွန်တော်တို့အသင်းဟာ တည်ငြိမ်တဲ့ပုံစံမှာ ရှိနေပါပြီ၊ ဒါကြောင့် နောက်ပြန်မလှည့် တော့ပါဘူး" လို့ လီဂရိတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

အသက် (၃၀) အရွယ် တိုက်စစ်မှူး ဘန်ဇီမာဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက အသင်းမှာ ရွေးချယ်မခံရတော့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဖော် ဗယ်လ်ဘွေနာနဲ့အတူ အသက်မပြည့်သေးတဲ့ အမျိုးသမီးတစ်ဦးနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ကျူးလွန်ခဲ့တဲ့အတွက် ဘန်ဇီမာဟာ စုံစမ်းစစ်ဆေးခြင်းခံခဲ့ရပြီးနောက်ပိုင်း ပြင်သစ်အသင်းမှာ ရွေးချယ်မခံရတော့တာ ဖြစ်ပါတယ်။

play

 

လီဂရိတ်ရဲ့ ပြောစကားကိုတော့ ဘန်ဇီမာက - "ခင်ဗျားအပေါ် လေးစားမှုအပြည့်နဲ့ ပြောချင်တာက ကျွန်တော်တိတ်တိတ်နေလို့ မရတော့ဘူးဆိုတာပါပဲ၊ ခင်ဗျားရဲ့ သရုပ်မှန်၊ မျက်နှာအစစ်ကို မြင်တွေ့လိုက်ရတာပါပဲ၊ ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူး၊ ဒက်ချမ့် ကိုယ်တိုင်လည်း အသင်းမှာ ကျွန်တော့်ကို ရွေးချယ်မယ့်ကိစ္စမှာလည်း ဘာတစ်ခုမှ အလေးထားပြီး ဆွေးနွေးတာမျိုး မရှိခဲ့တာပဲ" လို့ ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ခဲ့ပါတယ်။

play

 

ဘန်ဇီမာရဲ့ အခုလိုပြန်လည် ပြောဆိုမှုတွေကြောင့် သူနဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ နည်းပြဒက်ချမ့်တို့ရဲ့ ကြားက ဆက်ဆံရေးဟာ ပိုမိုဆိုးရွားတဲ့အနေအထားအထိ ရောက်ရှိသွားနိုင်ပြီး ဘန်ဇီမာအတွက်တော့ နိုင်ငံအသင်း ဂျာစီကို ပြန်လည်ဝတ်ဆင်ခွင့်ရရှိဖို့ အခွင့်အလမ်း ကတော့ ပိုမိုနည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

Source : marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD