AD
AD
AD

တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ အနည်းဆုံး (၆)လ မှ (၁၄) လ အထိ ဘောလုံးကစားခွင့် ပိတ်ပင်ခံထားရတဲ့ ပီရူးအသင်း ခေါင်းဆောင် တိုက်စစ်မှူး ဂွာရဲရိုးဟာ အခုအခါ အဆိုပါ ပြစ်ဒဏ်ကို ယာယီဆိုင်းငံ့ခံထားရတာ ဖြစ်တာကြောင့် နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

play

 

ဂွာရဲရိုးကတော့ မသန့်ရှင်းတဲ့ ကော်ဖီကို သောက်သုံးမိခဲ့တာလို့ ဂွာရဲရိုးက အကြောင်းပြချက်ပေးခဲ့ပြီးတော့ နိုင်ငံတကာအားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ သူဟာ (၁၄)လအထိ ပွဲပယ်ခံရနိုင်တဲ့ အနေအထားနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တားမြစ်ဆေး တားဆီး ကာကွယ်ရေးအဖွဲ့ကလည်း ဂွာရဲရိုးကို (၂)နှစ်အထိ ပွဲပယ်ဖို့အတွက် တွန်းအားပေးမှုတွေ ရှိခဲ့ပါတယ်။

play

 

ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဂွာရဲရိုးကို ပြန်လည်ကစားခွင့်ပေးဖို့အတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံများမှ ကစားသမားတစ်ချို့ကလည်း တောင်းဆိုမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ ကစားသမားတစ်ယောက်ရဲ့ အိပ်မက်နဲ့ ရည်ရွယ်ချက်တွေကို မဖျက်ဆီးပစ်ဖို့ တောင်းဆို ပေးခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို မေတ္တာရပ်ခံခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ပီရူးအသင်းအတွက် ၈၆ ပွဲကစားထားပြီး ၃၂ဂိုးသွင်းယူကာ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ ဂွာရဲရိုးဟာ အသင်းရဲ့ အားထားရတဲ့ အဓိကကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ပီရူးအသင်းကို ခြေစစ်ပွဲအောင်မြင်အောင် အဓိကအခန်းကဏ္ဍမှ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

play

 

ဂွာရဲရိုးအနေနဲ့ ကနဦးပြစ်ဒဏ်အဖြစ် အနည်းဆုံး (၂) ပတ်မှ ခြောက်လအထိ ပွဲပယ်ခံရတာ ဖြစ်ပြီး ထပ်တိုးပြစ်ဒဏ်အဖြစ် (၁၄)လ ကျခံရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ကနဦး (၆) လပွဲပယ်ခံရမှုဟာ မေလအကုန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဇွန်လမှ စတင်ကာ ထပ်တိုးပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ  ထပ်တိုးပြစ်ဒဏ် ချခံရခြင်းဟာ ဆီလျော်မှုမရှိဘူးလို့ သိရပြီး ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒါကြောင့် ဂွာရဲရိုးဟာ ထပ်တိုးပြစ်ဒဏ်ကို ခံစားရဦးမှာ မဟုတ်ပဲ ကနဦးပြစ်ဒဏ်ကို ကျခံပြီး ဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပီရူးအသင်းကို ကိုယ်စားပြုပြီး ၀င်ရောက်ကစားခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ပီရူးနိုင်ငံအတွက်တော့ သတင်းကောင်းဖြစ်ပြီး သူတို့အသင်းရဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက်မှာ အားထားရတဲ့ ကစားသမားတစ်ဦးရဲ့ အကူအညီကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD