AD
AD
AD

လာမယ့် အင်္ဂါနေ့မှ စတင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအ၀င် မက်ဆီနဲ့ နေမာတို့ ဂိုးသွင်းယူတိုင်း စာသင်ကျောင်း ၁၀၀၀၀ အတွက် အစားအစာ များ ထောက်ပံ့ပေးသွားမယ့် အစီအစဉ်တစ်ခု စတင်လိုက်ပြီလို့ သိရပါတယ်။

play

 

အဆိုပါ အစီအစဉ်မှာ အမေရိကန် ဘောလုံး ပရိုဂရမ်တစ်ခုမှ ဆောင်ရွက်တာ ဖြစ်ပြီး လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတို့ရှိ ကျောင်း ပေါင်း ၁၀၀၀၀ မှ ကလေးငယ်များအတွက် ဖြစ်ပါတယ်။

play

 

" ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ဒီအစီအစဉ်က ကလေးငယ် ထောင်ပေါင်းများစွာရဲ့ ဘ၀ကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။အပြုံးတွေ များစွာကိုလည်း မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။" လို့ မက်ဆီက ပြောပါတယ်။

ဘရာဇီးတိုက်စစ်မှူး နေမာကလည်း -" အစီအစဉ်မှာပါဝင်ခွင့်ရတဲ့အတွက် ပျော်ရွှင်ရပါတယ်။အစားအစာအပြင် မျှော်လင့်ချက်တွေကိုပါ ပေးစွမ်း နိုင်မယ်လို့ယုံကြည်နေပါတယ်။" လို့ ပြောခဲ့ပါသေးတယ်။

ဆာလာမှုတွေကို အတူတိုက်ထုတ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အဆိုပါ အစီအစဉ်မှာတော့ ဆာလောင်နေတဲ့ သန်း ၄၀ သော လက်တင်အမေရိကမှ ပြည်သူတွေအကြာမှာ အများဆုံး ပါဝင်နေတဲ့ကလေးငယ်တွေအတွက် အဓိက ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

ယခုအစီအစဉ်မှာ ပါဝင်လှူဒါန်းချင်တဲ့ ပုဂ္ဂိုလ်များအနေနဲ့လည်း #JuntosSomos10 on Twitter and Instagram ကို ဆက်သွယ် လှူဒါန်း နိုင် တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပင် မာစတာကဒ် အသုံးပြုပြီးတော့လည်း ကလေးငယ်တွေအတွက် အစားအသောက်တွေ လှူဒါန်းနိုင်တယ်လို့ သိရပြီး မာစ တာကဒ်နဲ့ လှူဒါန်းပါက ကုမ္ပဏီက ကလေးငယ်တွေအတွက် အစားအသောက် ၁၀ ခု ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပါတယ်။

မာစတာကဒ်မှာတော့ ကလေးငယ်တွေအတွက် အစားအသောက် ၃ သိန်းလောက်သာ လှူဒါန်းနိုင်အုံးမှာ ဖြစ်ပြီးနောက်ပိုင်းမှာ ယခုထက် ပိုမို လှူဒါန်းနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ အာဂျင်တီးနားအသင်းမှာ မက်ဆီ ဂိုးတွေ များများသွင်းဖို့နဲ့ ဘရာဇီးအသင်းမှ နေမာ ဂိုးတွေ များများသွင်းဖို့ မျှော်လင့် နေရတော့မှာ အမှန်ပင်ဖြစ်ပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD