AD
AD
AD

ဆွစ်ဇာလန် ကွင်းလယ်လူ ဂရင်းနစ် ဇာခါမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ဝေးရဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

play

 

အဆိုပါ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ဇာခါက -" လေ့ကျင့်ခန်းမှာ ဒူးဒဏ်ရာရခဲ့တာပါ။ဒါပေမယ့်အခုတော့ အတော်လေးကို ပြန်လည် သက်သာရာ ရနေပါပြီ။ကမ္ဘာ့ဖလားကို မလွဲလောက်ဖူးလို့တော့ ထင်ရတာပါပဲ။" လို့ ရှင်းလင်းပြောခဲ့ပါတယ်။

play

 

ဇာခါအနေနဲ့ ဘယ်ဖက်ဒူးဒဏ်ရာရရှိထားတာ ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေချိန်ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

MRI ဓာတ်မှန်ရိုက်စက်ဖြင့် စစ်ဆေးအဖြေထုတ်ခဲ့ရာမှာတော့ ဇာခါအနေနဲ့ အတွင်းကြေ ဒဏ်ရာ ကို ခံစားနေရတာ ဖြစ်တယ်လို့ သိရပြီး အနီး စပ်ဆုံး အနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားဖို့ရှိတဲ့ စပိန်အသင်းနဲ့ ခြေစမ်းပွဲစဉ်ကိုတော့ လွဲချော်ဖို့ရှိနေတယ်လို့သိရပါတယ်။

ဇာခါမှာ စတုတ်ကစားသမား ရှာကွီရီနဲ့ အာဆင်နယ်က ယခုနှစ်မှာခေါ်ယူမယ့် လက်ခ်ျစတိန်နာတို့နဲ့အတူ ဆွစ်ဇာလန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီး၊ဆားဘီးယား၊ကော်စတာရီကာ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပါတယ်။

Source- SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD