AD
AD
AD

ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် စပိန်အသင်းဟာ ပူးပေါင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ် ချန်ပီယံ ဖြစ် ခဲ့တဲ့ ရီးရဲအသင်းမှ ကစားသမား ၆ ဦးကိုတော့ လာမယ့် တနင်္လာနေ့မှသာ ပူးပေါင်းခွင့်ပြုထားပါတယ်။

play

 

ဒါပေမယ့်လည်း ရီးရဲအသင်းမှ နောက်ခံလူ နာချိုကတော့ သတ်မှတ်ရက်ထက်စောပြီးအသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

play

 

နာချိုဟာ စပိန်အသင်းပြုလုပ်ခဲ့တဲ့ ကြာသပတေးနေ့က လေ့ကျင့်ရေးအစီအစဉ်မှာ စတင်ပူးပေါင်းခဲ့တာ ဖြစ်ပြီး ၎င်းနဲ့ ကစားပုံတူတဲ့ အဓိက ကစားသမား ကာဗာဂျယ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနွှဲခွင့် မသေမချာ ဖြစ်နေချိန်မှာ ယခုလို ပူးပေါင်းခဲ့တာလည်း ဖြစ်ပါတယ်။

ကာဗာဂျယ်ကတော့ လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီး ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်နေတယ်လို့လည်း သိရကာ လာ မယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဆွစ်ဇာလန်အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်လာဖို့ရှိနေတယ်လို့လည်းသိရပါတယ်။

အခြားသော ရီးရဲကစားသမားတွေကတော့ ဒီကနေ့ သောကြာနေ့မှာ အသင်းနဲ့ စတင်ပူးပေါင်းကြမယ်လို့ မျှော်လင့်ရပြီး ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲ အတွက် ပြင်ဆင်ကြလိမ့်မယ်လို့လည်း စပိန်မီဒီယာတွေက ဖော်ပြလာပါတယ်။

အခြားသော ဘယ်နောက်ခံလူ နာချို မွန်နရယ်ဟာလည်း ဗုဒ္ဓဟူးနေ့က လေ့ကျင့်ခန်းကို ပျက်ကွက်ခဲ့ပြီးနောက် ကြာသပတေးနေ့က အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်းနေပြီလို့ သိရပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD