AD
AD
AD

စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အနားယူဖို့ လိုအပ်တယ်လို့ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ထောက်ခံပြောဆို ခဲ့ပါတယ်။ ဖာနန်ဒိုဆန်းတို့စ်က စီရော်နယ်ဒိုကို အသင်းနဲ့အတူ အဆောတလျင်ပူးပေါင်းခိုင်းမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး သူ့ရဲ့ ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ လုံလောက်တဲ့ အနားယူမှုမျိုး ရရှိဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားခဲ့ရပြီးနောက်မှာ စီရော်နယ်ဒိုဟာ အနားယူနေပြီ ဖြစ်ပါတယ်။ ဘောလုံးရာသီ တစ်ရာသီလုံးမှာ အသင်းအတွက် ပွဲများစွာ ကစားပေးခဲ့ပြီးနောက် အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကို အသင်းကို လာရောက်ဖို့ ဆက်သွယ်မှာမဟုတ်သေးဘူးလို့လည်း ဆန်းတို့စ်က ပြောကြားခဲ့ပါသေးတယ်။

play

 

"သူ အနားယူနေပါတယ်၊ သူ့အနေနဲ့ အသင်းအတွက် အားထုတ်ကြိုးပမ်းမှုတွေရှိနေခဲ့တာမို့ မောပန်းနေပါပြီ၊ သူနဲ့ စကားပြောဖို့ အစီအစဉ်လည်း မရှိသေးပါဘူး"လို့ ဆန်းတို့စ်က သူ့အသင်းခေါင်းဆောင်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ "သူ့အတွက် အကောင်းဆုံး အားလပ်ရက်တွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ ဒါမှ သူအသင်းကို လာရောက်ပူးပေါင်းတဲ့အခါမှာ အကောင်းဆုံးအနေအထားဖြစ်နေမှာပါ၊ ဒါကအရမ်းအရေးကြိးပါတယ်"လို့လည်း ဆန်းတို့စ်က သူ့ ကစားသမားရဲ့ အရေးပါပုံကို ဖော်ထုတ်ပြောကြားခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ဘယ်လ်ဂျီယံ၊ အယ်လ်ဂျီးရီးယားအသင်းတို့နဲ့ ခြေစမ်းကစားသွားမှာဖြစ်ပြီးတော့ ကမ္ဘာ့ဖလားဖွင့်ပွဲအဖြစ် ဇွန်လ (၁၅) ရက်နေမှာ စပိန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မော်ရိုကို၊ အီရန်တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။  စီရော်နယ်ဒိုအနေနဲ့ ဘယ်နေ့မှာ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းမယ်ဆိုတာကိုတော့ အတိအကျမသိရသေးတာ ဖြစ်ပါတယ်။

play

 

ယူရို၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်ဖို့ ရည်မှန်းထားပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် စီရော်နယ်ဒိုက အသင်းကို ဦးဆောင်လာမှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအတွက် ၂၀၁၈ ကမ္ဘာ့ဖလားဟာ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပြွ ဖြစ်နေပြီး ရလာဒ်ကောင်းရယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားဖို့လည်း စီရော်နယ်ဒိုက မျှော်လင့်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD