AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းဟာ အသင်းကစားသမားတွေရဲ့ ကျောနံပါတ်များကို ထုတ်ဖော်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။ အသင်း ခေါင်းဆောင် ဟာရီကိန်းက ကျောနံပါတ် (၉) ကို ၀တ်ဆင်မှာ ဖြစ်ပြီး စတာလင်က ကျောနံပါတ် (၁၀)၊ ဂျော်ဒန်ပစ်ဖို့ဒ်က ကျောနံပါတ် (၁)တို့ကို ၀တ်ဆင်မှာဖြစ်ပြီးတော့ အသင်းရဲ့ အမာခံကစားသမားများအဖြစ် ဆောက်ဂိတ်က ရွေးချယ်ခဲ့ပါတယ်။

play

 

တနင်္လာနေ့မှာတော့ ပြိုင်ပွဲဝင် ၃၂သင်းဟာ သူတို့ရဲ့ အသင်းအတွက် ကစားသမား (၂၃) ဦး စာရင်းကို အတည်ပြုခဲ့ကြပြီးတော့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကတော့ စောစီးစွာ ကြေငြာခဲ့ပြီး ယခုအခါ ကစားသမားများရဲ့ ကျောနံပါတ်ကိုပါ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျင်မီဗာဒီက ကျောနံပါတ် (၁၁)၊ မားကပ်ရက်ဖို့ဒ်က နံပါတ် (၁၉) နဲ့ အယ်လီကတော့ နံပါတ် (၂၀) ကို ၀တ်ဆင်ကြမှာ ဖြစ်ပါတယ်။

play

 

ကွင်းလယ်ကစားသမား လင်ဂတ်ကတော့ ကျောနံပါတ် (၇) ကို ၀တ်ဆင်ခွင့် ရခဲ့ပြီး ဒန်နီဝဲလ်ဘက်ခ်က (၁၄)၊ လော့ဖ်တပ်ချိခ်က (၂၁)၊ ကိုင်လီဝေါ်ကာက နံပါတ်(၂) တို့ကို ၀တ်ဆင်သွားကြမှာဖြစ်ပါတယ်။ လင်ဂတ်ကတော့ အသင်းတစ်သင်းရဲ့ အဓိကအကျဆုံး ကျောနံပါတ် (၇)ကို ၀တ်ဆင်ရမှာဖြစ်ပြီး အင်္ဂလန်အသင်းမှာ ပွဲထွက်တစ်နေရာစာကို သေချာပေါက် ရရှိဖို့ အလားအလာကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

play

 

အလက်ဇန်းဒါးအာနိုးလ်က (၂၂) ၊ ဂျွန်စတုန်းက နံပါတ် (၅) နဲ့ မက်ဂွီးကတော့ နံပါတ် (၆) ကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းရဲ့ ဗဟိုခံစစ်အတွဲအဖြစ် စတုန်း နဲ့ မက်ဂွီးတို့ကို ဆောက်ဂိတ်က ပထမဦးစားပေးအဖြစ် ရွေးချယ်ဖွယ်ရှိနေခဲ့ပါတယ်။ အခြား နောက်ခံကစားသမားတွေထဲက ဂယ်ရီကာဟေးလ်ကတော့ နံပါတ် (၁၅)၊ ဖီးလ်ဂျုံးစ်က (၁၆) နဲ့ ကွင်းလယ်ခံစစ်ကစားသမား ဒိုင်ယာကတော့ နံပါတ် (၄) ကို ၀တ်ဆင်ကစားရမှာ ဖြစ်ပြီး ဟန်ဒါဆန်ကတော့ ကျောနံပါတ် (၈) ကို ရရှိခဲ့ပါတယ်။

play

 

ဒန်နီရို့စ်က နံပါတ် (၃)၊ အက်ရှ်လေယန်းက နံပါတ် (၁၈) နဲ့ ဖေဘီယန်ဒဲ့လ်ကတော့ နံပါတ် (၁၇) ကို ရရှိခဲ့ပါတယ်။ အခြားဂိုးသမားတွေဖြစ်တဲ့ ဘတ်လန်းက နံပါတ် (၁၃) ကို ရရှိခဲ့ပြီး နစ်ပုပ်ကတော့ (၂၃) ကို ရရှိသွားခဲ့ပါတယ်။ ထရစ်ပီယာကတော့ နံပါတ် (၁၂) ကို ၀တ်ဆင်ကစားရမှာ ဖြစ်ပါတယ်။ ကျောနံပါတ် ဦးစားပေးများအရတော့ ပစ်ဖို့၊ ကိန်း၊ စတာလင်၊ လင်ဂတ်၊ အယ်လီ ၊ စတုန်း၊ ဒိုင်ယာတို့ဟာ အသင်းရဲ့ အဓိကကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD