AD
AD
AD

မကြာတော့တဲ့ အချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင်ကျင်းပမှာ ဖြစ်ပါတော့တယ်။ ပရိသတ်မျှော်လင့်ထားခဲ့တဲ့ ကစားသမားတွေ ရုရှကို သွားရောက်လိုက်ပါခွင့် ရရှိခဲ့သလို ဆုံးရှုံးခဲ့ကြသူတွေလည်း ရှိပါတယ်။ ဆုံးရှုံးခဲ့တဲ့ ကစားသမားတွေထဲမှာလည်း ပရိသတ်ကြိုက် ကစားသမားတွေ၊ ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေ ကျန်ရစ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် နိုင်ငံအသင်းနဲ့အတူ လိုက်ပါခွင့်မရခဲ့တဲ့ နာမည်ကြီး ကစားသမားတွေကို စုစည်းပြီး အသင်းတစ်သင်းအဖြစ် ဖန်တီးဖော်ပြပေးလိုက်ပါတယ်။

ဂျိုးဟတ် (အင်္ဂလန်)

play

 

၂၀၁၈ ခုနှစ်မှာ (၈) ပွဲသာ ကစားခွင့် ရရှိခဲ့တဲ့ ဂျိုးဟတ်ဟာ အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ၀ါရင့်ဂိုးသမားတစ်ဦးဖြစ်ပေမယ့် ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို မရရှိခဲ့တဲ့နောက်မှာတော့ ဂျိုးဟတ်ရဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဆိုတဲ့ အနေအထားဟာ ယုတ်လျော့သွားခဲ့ရတာ ဖြစ်ပါတယ်။ ဂျော်ဒန်ပစ်ဖို့ဒ်၊ နစ်ပုပ် နဲ့ ဘတ်လန်းတို့ကိုသာ ဆောက်ဂိတ်က ရွေးချယ်ခဲ့ပြီး ၀က်စ်ဟမ်းအသင်းရဲ့ ဂိုးသမား ဂျိုးဟတ်ကတော့ ရုရှကို လိုက်ပါခွင့် မရရှိခဲ့ပါဘူး။

 

မားကို့စ်အလွန်ဆို (စပိန်)

play

 

ချယ်လ်ဆီးမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ အလွန်ဆိုကတော့ အံ့အားသင့်ဖွယ်ရာ ကျန်ရစ်ခဲ့ရပါတယ်။ နောက်တန်းကစားသမား တစ်ဦးဖြစ်ပေမယ့်လည်း ပရီးမီးယားလိင်္ဂမှာ (၇) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အလွန်ဆိုကတော့ စပိန်အသင်းကို ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ရပါတယ်။ စပိန်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ အလွန်ဆို မပါခဲ့ချိန်မှာတော့ အားလုံးရဲ့ အံ့အားသင့်စရာတွေဖြစ်မှုနဲ့ တွေ့ကြုံခဲ့ရပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

 

ဒေးဗစ်လုဇ် (ဘရာဇီးလ်)

play

 

ချယ်လ်ဆီးအသင်းမှာ နည်းပြကွန်တီရဲ့ လျစ်လျူရှုမှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ ဘရာဇီးလ်ရဲ့ အတွေ့အကြုံရင့် နောက်ခံလူ လုဇ်ဟာ လက်ရွေးစင်အသင်းမှ ချန်လှပ်ခံထားခဲ့ရပြီ ဖြစ်ပါတယ်။ တက်ကြွတဲ့ ကစားဟန်နဲ့ စိတ်ဓာတ်ပြင်းပြင်စွာ ကစားတတ်တဲ့ ဒေးဗစ်လုဇ်အတွက် သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် အဓိကပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာမဟုတ်ပဲ ၂၀၁၆ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ မှာလည်း ဒေးဗစ်လုဇ် မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

 

လာပေါ့တ် (ပြင်သစ်)

play

 

မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူခဲ့တဲ့ ပြင်သစ်နောက်ခံလူ ချန်လှပ်ခံခဲ့ရတာကလည်း တကယ့်ကို အံ့အားသင့်စရာဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ခြေစစ်ပွဲအဆင့်မှာ ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် အပြီးသတ်လူရွေးချယ်မှုမှာတော့ လာပေါ့တ် ကျန်ရစ် ခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ (၉) ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် လာပေါ့တ်ကိုတော့ ဒက်ချမ့်က ရွေးချယ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

 

ဖာဘင်ဟို (ဘရာဇီးလ်)

play

 

လီဗာပူးလ်ကို ရောက်ရှိသွားခဲ့တဲ့ ကွင်းလယ်လူ ဖာဘင်ဟိုကိုလည်း ဘရာဇီးလ်နည်းပြ တီထီက ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ နေရာစုံကစားတတ်တဲ့ စွယ်စုံရ ကစားသမားတစ်ယောက်ကို တီထီက မရွေးချယ်ခဲ့ပဲ ဘာစီလိုနာက ပေါ်လင်ဟိုကို ရွေးချယ်ခဲ့မှုအပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲကစားခွင့်အနည်းငယ်သာ ရရှိခဲ့တဲ့ ဖာဘင်ဟိုကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရခြင်း မရှိတာက နစ်နာမှုတစ်ရပ်အဖြစ် ပရိသတ်များက ခံစားခဲ့ကြရပါတယ်။

 

ဝီရှီးယား (အင်္ဂလန်)

play

 

အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်းမခံရတဲ့နောက်မှာတော့ သူ့ရဲ့ ပတ်ပို့စ်သက်တမ်းကုန်ဆုံးနေလို့ဆိုပြီး ၀ီရှီးယားက နာကြည်းစွာနဲ့ သရော်ခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အပြီးသတ်လူစာရင်းမှာ ၀ီရှီးယားမပါဝင်တာ သေချာခဲ့တဲ့နောက်မှာလည်း ဝေဖန်သံတချို့ ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဆောက်ဂိတ်ကတော့ ခေါင်းမာစွာနဲ့ပဲ သူ့ရဲ့ ယုံကြည်မှုရှိတဲ့အတိုင်း လူရွေးချယ်မှု ပြုလုပ်ခဲ့ပြီး ၀ီရှီးယားကို ချန်လှပ်ထားခဲ့ပါတယ်။

 

နိုင်ဂိုလန် (ဘယ်လ်ဂျီယံ)

play

 

တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရတဲ့ နေ့တစ်နေ့ကို ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ဖန်တီးခဲ့ပါတယ်။ ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူ တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ နိုင်ဂိုလန်ကို အသင်းအတွက် ရွေးချယ်ခြင်း မပြုခဲ့တဲ့ မာတီနက်ဇ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း နားမလည်အောင် ဖြစ်ခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံအသင်းကို ကိုယ်စားပြုခွင့် ဆုံးရှုံးပြီးနောက်မှာ နိုင်ဂိုလန်က လက်ရွေးစင်ကစားသမား ဘ၀က အနားယူခဲ့ပြီလို့ တရားဝင်ကြေငြာခဲ့ပါတယ်။

 

ဆာနေး (ဂျာမနီ)

play

 

PFA အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သူ၊ မန်စီးတီးတိုက်စစ်မှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ လူငယ်ကစားသမား အစရှိတဲ့ ဂုဏ်ပုဒ်တွေကို ဂျိုအာချင်လိုက မျက်ကွယ်ပြုခဲ့ပါတယ်။ ဆာနေး နဲ့  ဘရန့်တို့ကို ရွေးချယ်ခဲ့တဲ့ အချိန်မှာ သူ့အတွက် ခေါင်းခဲခဲ့ရတယ်လို့ ဂျိုအာချင်လိုက ၀န်ခံခဲ့ပြီး လက်ရွေးစင်အသင်းအတွက် အားနည်းချက်တချို့ ရှိခဲ့တဲ့ ဆာနေးကို ချန်ထားရစ်ခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

 

အန်သိုနီ မာရှယ် (ပြင်သစ်)

play

 

ယူရို ၂၀၁၆ မှာ ပြင်သစ်အသင်းအတွက် ပါဝင်ခဲ့ပြီး (၃)ပွဲ ကစားပေးခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး မာရှယ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အိုလီဗာဂီရော့ဒ်၊ ဂရစ်မန်းဇ်၊ ဒမ်ဘီလီ၊ အမ်ဘတ်ပီတို့ရဲ့ တိုက်စစ်အစုအဖွဲ့ထဲမှာ မာရှယ်ကို ဒက်ချမ့်က ထည့်သွင်းခဲ့ခြင်း မရှိပဲ ချန်လှပ်ခဲ့ပါတယ်။ မန်ယူအသင်းမှာလည်း ပုံမှန်ခြေရရှိဖို့ ကြိုးစားခဲ့ရတဲ့ မာရှယ်ဟာ နောက်ဆုံးမှာတော့ ပြင်သစ်အသင်းနဲ့အတူ ရုရှကို လိုက်ပါခွင့် ဆုံးရှုံးခဲ့ပါတယ်။

 

အီကာဒီ (အာဂျင်တီးနား)

play

 

အင်တာမီလန်အတွက် စီးရီးအေသွင်းဂိုး (၂၉) ဂိုး ရရှိခဲ့တဲ့ အီကာဒီကို ဆမ်ပါအိုလီက အာဂျင်တီးနားရဲ့ တိုက်စစ်ပိုင်းအတွက် အားကိုးမှု မရှိခဲ့တာက အံ့အားသင့်စရာပါ။ မက်ဆီ၊ အဂူရို၊ ဒိုင်ဘာလာ နဲ့ ဟီဂူအင်တို့ကိုသာ ရွေးချယ်ခဲ့ပြီး အီကာဒီ ချန်လှပ်ခံခဲ့ရပါတယ်။ အာဂျင်တီးနား အသင်းရဲ့ လူစာရင်းမရွေးချယ်ခင်မှာ ဟာနန်ခရက်စပိုရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပြီး သူ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း အီကာဒီကို ဆမ်ပါအိုလီက ချန်လှပ်ခဲ့ပါတယ်။

 

မိုရာတာ (စပိန်)

play

 

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရတဲ့ မိုရာတာအတွက် နောက်ထပ်ဂြိုလ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁) ဂိုးရရှိခဲ့ပေမယ့် အသင်းတိုက်စစ်ပိုင်းအတွက် ဂီရော့ဒ် ရောက်ရှိလာခဲ့ပြီးမှာ မိုရာတာအတွက် ခက်ခဲတဲ့ ကာလကို ရင်ဆိုင်ခဲ့ရပြီး စပိန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်မခံခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD