AD
AD
AD

မန်စီးတီးအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ လီရွိုင်ဆာနေးဟာ ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရပြီ ဖြစ်ပါတယ်။ ဆာနေးရွေးချယ်မခံထားရတဲ့အပေါ်မှာ ဝေဖန်မှုတချို့ ရှိနေခဲ့ပြီး မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ လိဂ်ဖလားနဲ့ PFA အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ သူတစ်ယောက်ကို ချန်ရစ်ခဲ့တဲ့အပေါ်မှာ ဂျာမနီနည်းပြ ဂျိုအာချင်လိုအပေါ် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

play
ဂျာမနီအသင်းမှာ မပါဝင်ခဲ့တဲ့ ဆာနေး

 

ဆာနေး ရွေးချယ်မခံရတဲ့အပေါ် ဝေဖန်မှုများ ရှိနေခဲ့ချိန်မှာတော့ ဂျာမနီနည်းပြ ဂျိုအာချင်လိုက ဆာနေးကို ချန်လှပ်ခဲ့ရမှုအပေါ် အကျိုးသင့်အကြောင်းသင့် ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၁၄) ဂိုး သွင်းယူခဲ့ပြီး (၁၇) ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဆာနေးကို ဂျိုအာချင်လိုက မရွေးချယ်ခဲ့တဲ့အချိန်မှာ ဂျာမနီကစားသမားတချို့လည်း အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့်

play
ဂျာမနီနည်းပြ ဂျိုအာချင်လို

 

ဂျိုအာချင်လိုက ဆာနေးကို သူချန်လှပ်ခဲ့ရတာဟာ လေဗာကူဆင်ကစားသမား ဘရန့်က သူ့ကို ပိုပြီး ဆွဲဆောင်စေနိုင်ခဲ့တယ်လို့ ပြောကြား သွားခဲ့ပါတယ်။ "ဆာနေးနဲ့ဘရန့်တို့ထဲက ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ တကယ်ခေါင်းခဲစရာပါ၊ဘရန့်၊ ဒရက်ဇ်လာ၊ မာကိုရူးစ် နဲ့ မူလာတို့ရဲ့ အတွဲအဖက်ကို ကျွန်တော်ပိုပြီး သဘောကျခဲ့ပါတယ်" လို့ ဂျိုအာချင်လိုက ပြောကြားခဲ့ပါတယ်။

play
ဆာနေး နဲ့ ဘရန့်

 

"ဆာနေးက အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ၊ သူ့အတွက် စက်တင်ဘာလအတွင်းမှာ ဂျာမနီအတွက် ကစားဖို့ အခွင့်အရေးရှိလာဦးမှာပါ၊ လက်ရွေးစင်နည်းပြတစ်ယောက်ဘ၀မှာ ကစားသမားတွေကို အိမ်ပြန်ပို့ရတဲ့နေ့တွေထက် ပိုပြီးပျော်ရွှင်ရတဲ့ နေ့ရက်တွေ ရှိလာဦးမှာလည်း သေချာပါတယ်" လို့ ဂျိုအာချင်လိုက အသင်းက ချန်လှပ်ခဲ့ရတဲ့ ကစားသမားတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ၀န်ခံခဲ့ပါတယ်။

play
ဘရန့်၏ ကစားဟန်ကို ဂျာမနီအသင်း၏ ပွဲစဉ်တစ်ပွဲတွင် မြင်တွေ့ရစဉ်

 

" ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတွေဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ကစားခွင့်ရဖို့ ထိုက်တန်တဲ့ အရည်အသွေးနဲ့ ပြည့်ဝတဲ့သူတွေပါ" လို့လည်း ဂျိုအာချင်လိုက ချီးကျူးခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ ဂျာမနီအသင်းဟာ ပီရူးအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ရှိပြီး အဆိုပါပွဲမှာ ဆာနေးကို ပြန်လည်ရွေးချယ်မယ့် အကြောင်းကိုလည်း ဂျိုအာချင်လိုက အရိပ်အမြွက်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD