AD
AD
AD

တစ်ကမ္ဘာလုံးက မျှော်လင့်စောင့်စားနေတဲ့ ၄ နှစ်တစ်ကြိမ် ခမ်းခမ်းနားနားကျင်းပနေကျဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို မနက်ဖြန် ဇွန်လ ၁၄ ရက်နေ့ညမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကိုဘယ်အချိန်မှာ စတင်ပြုလုပ်မှာလဲ

play
Photos: Telegraph

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ဖွင့်ပွဲအခမ်းအနားကို အိမ်ရှင်ရုရှားအသင်းနဲ့ ဆော်ဒီအာရေးဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ည ၉ နာရီ ၃၀ မိနစ်မတိုင်မီ နာရီဝက်အလိုမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ဘယ်နေရာမှာ ကျင်းပပြုလုပ်မှာလဲ

play

 

၂၀၁၈ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကြီးကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ လက်ခံကျင်းပမယ့် မော်စကိုမြို့မှာ တည်ရှိတဲ့ Luzhniki ကွင်းကြီးထဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ယင်းဖွင့်ပွဲအခမ်းအနားနဲ့ တစ်ချိန်တည်းမှာပဲ ရုရှားနိုင်ငံရဲ့ထင်ရှားတဲ့ အနီရောင်ရင်ပြင်မှာ ဖျော်ဖြေပွဲကျင်းပသွားမှာလည်းဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ဘယ်လိုအစီအစဉ်တွေပါဝင်မှာလဲ

play
Photos: NME

 

ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို အင်္ဂလိပ်လူမျိုးအဆိုတော်၊ သီချင်းရေးသူ၊ သရုပ်ဆောင်ရော်ဘီဝီလီယံက ဦးဆောင်ပြီး တေးဂီတဖျော်ဖြေမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကချေသည် ၅၀၀ ကျော်၊ အားကစားသမားတွေနဲ့ အခြားဖျော်ဖြေတင်ဆက်သူတွေက ကမ္ဘာ့ဖလားဖွင့်ပွဲကြီးကို အမျိုးမျိုးပုံဖော်ပြီး တင်ဆက်သွားကြမှာဖြစ်ပါတယ်။

 

ရော်ဘီဝီလီယံနဲ့အတူ ဘယ်သူတွေက ဖျော်ဖြေသွားမှာလဲ

play
Photos: Russia-IC

 

အင်္ဂလန်ကို ကိုယ်စားပြုပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ၉၀ပြည့်နှစ်က နာမည်ကျော်ပေါ့ပ်အဆိုတော် ရော်ဘီဝီလီယံက ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ရော်ဘီဝီလီယံဟာ ယူနီဆက်အတွက် အခြား ဘောလုံးနဲ့ပတ်သက်တဲ့အကူအညီတွေကို ဦးဆောင်ပြုလုပ်နေသူဖြစ်ပြီး ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာစောင့်ကြည့်နေတဲ့ Luzhniki ကွင်းကြီးထဲမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ရော်ဘီဝီလီယံနဲ့အတူ ပါဝင်ဖျော်ဖြေပေးသွားမယ့်သူကတော့ ရုရှားအနုပညာရှင်တစ်ဦးဖြစ်တဲ့ အိုင်ဒါဂါရီဖူလီနာဖြစ်ပါတယ်။ ဖီဖာရဲ့သတင်းတွေအရ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွေရဲ့ ပုံစံနဲ့ အနည်းငယ်ကွာခြားမှုရှိမယ်လို့ သိရပြီး ဂီတတီးခတ်မှုအသားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရော်ဘီဝီလီယံနဲ့အတူ အိုင်ဒါဂါရီဖူလီနာအပြင် အီတလီမှာ ၉၀ ပြည့်နှစ်တွေက ကျော်ကြားခဲ့တဲ့ အော်ပရာအဆိုတော် ပလာစီဒိုဒိုမင်ဂိုက ပါဝင်တင်ဆက်ပေးသွားမှာဖြစ်ပြီး ပီရူးအဆိုတော်ဖြစ်တဲ့ ဂျူအန်ဒီယေဂိုဖလော်ရက်ဇ်ကလည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD