AD
AD
AD

ဘရာဇီးလ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အယ်လစ်ဆန်က နေမာဟာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ စူပါစတား နေမာ ယုံကြည်မှုမြင့်မားနေပြီး အကြောက်တရား ကင်းမဲ့နေတယ်လို့လည်း အယ်လစ်ဆန်က ချီးကျူးသွားခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားကို အားပေးမှု ပြုလုပ်ခဲ့ပါတယ်။

play
နေမာကို ချီးကျူးခဲ့တဲ့ အယ်လစ်ဆန်

 

မာဆေးလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နေမာဟာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး လအနည်းငယ် အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။ ဒဏ်ရာက ပြန်လည်ကောင်းမွန်လာဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့တဲ့ နေမာဟာ ဘရာဇီးလ်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ခြေစမ်းပွဲ (၂)ပွဲမှာ (၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

play
ခြေစမ်းပွဲမှ နေမာ

 

အသက် (၂၆)နှစ်အရွယ် ကစားသမားဟာ နည်းပြတီထီရဲ့ ဘရာဇီးလ်အသင်းမှာ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး အသင်းဖော် ဂိုးသမားအယ်လစ်ဆန်ကတော့ နေမာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

play
သြစတြီးယားနဲ့ပွဲမှ နေမာ

 

"နေမာက အခုဆိုရင် အရမ်းကို ကောင်းမွန်လာပါပြီ၊ ကျွန်တော်တို့အတွက်လည်း ကံကောင်းမှုတစ်ခုပါပဲ၊ သူ့ရဲ့ ဒဏ်ရာအခြေအနေကနေ အကောင်းဆုံးရုန်းထွက်နိုင်တာပါ၊ သူ ဘောလုံးပြန်ကစားတဲ့အချိန်၊ အသင်းနဲ့ ပူးပေါင်းတဲ့ အချိန်တွေမှာ ဒဏ်ရာအတွက် ဂရုစိုက်နေခဲ့ရ ပါတယ်၊ အခုတော့ ဒီအခြေအနေက လွန်မြောက်ခဲ့ပါပြီ" လို့ အယ်လစ်ဆန်က ပြောကြားခဲ့ပါတယ်။

play
လေ့ကျင့်ရေးကွင်းမှ နေမာ

 

"သူ့မှာ အကြောက်တရားမရှိသလိုပါပဲ၊ သူ့မှာ ယုံကြည်မှုတွေ ပိုပြီးတိုးပွားလာပါတယ်၊ ခရိုအေးရှားနဲ့ပွဲမှာ အသင်းအတွက် သူ ဒုတိယပိုင်းမှာ ၀င်ရောက်ကစားပေးပြီး ကျွန်တော်တို့ကို ကူညီပေးနိုင်ခဲ့ပါတယ်၊ သူ့မှာ အကြောက်တရားဆိုတာ ပျောက်ဆုံးသွားပါပြီ၊ အသင်းရဲ့ နောက်ဆုံးပွဲမှာလည်း သူကောင်းကောင်းကစားနိုင်ခဲ့ပြီး သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှုရှိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်၊ နေမာ ကွင်းထဲမှာ ရှိနေတာကို ကျွန်တော်တို့ လိုအပ်ပါတယ်" လို့ အယ်လစ်ဆန်က အသင်းဖော်ကို ချီးကျူးသွားခဲ့ပါတယ်။

play

 

ဘရာဇီးလ်ကတော့ တနင်္ဂနွေနေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားရမှာ ဖြစ်ပြီး အုပ်စုတွင်းမှာတော့ ကော်စတာရီကာ၊ ဆာဘီးယားအသင်းတို့နဲ့လည်း ကစားရဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD