AD
AD
AD

စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂျူလန်လော့ပတယ်ဂီဟာ ကမ္ဘာ့ဖလားစတင်ဖို့ ၁ ရက်အလိုမှာပဲ စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်။

play

 

ယမန်နေ့က ရီးရဲမက်ဒရစ်အသင်းက စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြ လော့ပတယ်ဂီကို နည်းပြအဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ကို ဒေါသပေါက်ကွဲစေခဲ့တာဖြစ်ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ်ရူဘီအယ်က ရီးရဲမက်ဒရစ်အသင်းရဲ့ ကြေညာချက် ထွက်ပေါ်အပြီးမှာ ဒေါသတကြီးနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ အလျင်အမြန် ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ယနေ့နံနက်ကြားသိရတဲ့သတင်းတွေအရ စပိန်ကစားသမားတွေဟာ အဖွဲ့ချုပ်ဥက္ကဌ ရူဘီအယ်ကို နည်းပြအဖြစ် ဆက်လက်ခန့်ထားပေးဖို့ တောင်းဆိုထားတဲ့ကြားက နည်းပြရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

play

 

"ကျွန်တော်တို့အနေနဲ့ ဂျူလန် လုပ်ပေးခဲ့တဲ့အရာတွေအားလုံးအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ ရုရှားကို ရောက်ရှိဖို့ စွမ်းဆောင်ပေးခဲ့တဲ့ တာဝန်အရှိဆုံးသူတစ်ယောက်ဖြစ်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သူ့ကို ရာထူးကနေ အတင်းအကျပ်ဖိအားပေးပြီး ထုတ်ပယ်လိုက်ပါပြီ"လို့ ရူဘီအယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"သူ သစ္စာဖောက်သွားတယ်လို့တော့ မခံစားရပါဘူး။ တကယ့်ပြဿနာကဘာလဲဆိုတော့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပါဝင်ပတ်သက်မှု လုံးဝမပါဝင်ဘဲ ဘယ်လိုဖြစ်ပြီး အခုလိုကိစ္စတွေဖြစ်သွားလဲဆိုတာပါပဲ။ အဲဒါက ကျွန်တော်တို့ လုံးဝလျစ်လျူရှုထားလို့မရတဲ့အရာပါ။ လော့ပတယ်ဂီဟာ စံနမူနာယူရမယ့် ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ ဒါပေမယ့် အရေးကြီးဆုံးအရာက တာဝန်ဝတ္တရားပါ"

"လော့ပတယ်ဂီနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကို အသိပေးခဲ့ခြင်းမရှိပါဘူး။ ဒီ သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီ ၅ မိနစ်အလိုမှသာ သတင်းပေးခဲ့ပါတယ်။ စိတ်ကျေနပ်မှုရရှိဖို့အတွက် တခြားပြုလုပ်ရမယ့်နည်းလမ်းတွေ ရှိပါတယ်"

"ကျွန်တော် ချက်ချင်း လေယာဉ်လက်မှတ်ဖြတ်ပြီး မော်စကိုကနေ ဒီကိုပြန်လာခဲ့ရပါတယ်။ နောက်ကမ္ဘာ့ဖလားကို ဘယ်မှာလုပ်ရမလဲဆိုတာကိုတောင် မဲပေးဖို့ လွဲချော်သွားပါတယ်။ ကျွန်တော်တို့အနေနဲ့ တုံ့ပြန်ရပါလိမ့်မယ်။ ကျွန်တော် ဘာလုပ်လုပ် အဝေဖန်ခံရမယ်ဆိုတာ သိပါတယ်။ လက်လည်းလက်ခံပါတယ်"

"အနိုင်ရရှိဖို့က အရေးကြီးပါတယ်။ နည်းပြကောင်းရှိဖို့က ပိုအရေးကြီးပါတယ်။ ဒါပေမယ့် အခုပြုလုပ်ခဲ့တဲ့အရာအားလုံးက မှန်ကန်တဲ့ နည်းလမ်းပါ။ ဒီဟာက အရမ်းကြီး ကြမ်းတမ်းကောင်း ကြမ်းတမ်းပါလိမ့်မယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့ကို ပိုမိုသန်မာလာစေပါလိမ့်မယ်"

"ကျွန်တော် ကစားသမားတွေနဲ့ စကားပြောခဲ့ပြီးပါပြီ။ သူတို့ နည်းပြသစ်နဲ့အတူလက်တွဲပြီး ဒီကမ္ဘာ့ဖလားမှာ အသင်းကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဘာမဆိုလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်"လို့ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD