AD
AD
AD

လက်ရှိချန်ပီယံ ဂျာမနီအသင်းကို ဦးဆောင်လာခဲ့တဲ့သူက ၂၀၁၄ ကမ္ဘာ့ဖလားကို ရစေခဲ့သူ နည်းပြ ဂျိုအာချင် လိုဖြစ်ပြီး ပြောင်းလဲသွားတာက ကစားသမားအနေအထားမှာ ဖြစ်ပါတယ်။

play

 

ဂျာမနီအသင်းက ၂၀၁၄ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေပြန်ပြီး လူစာရင်းအရလည်း တောင့် တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားဆဲပါ။ဒါပေမယ့်လည်းနောက်ဆုံး ကစားထားတဲ့ ခြေစမ်းပွဲ ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရအောင်စွမ်းဆောင်ထားနိုင်တဲ့ ဂျာမနီခြေစွမ်းကတော့ စဉ်းစာစရာ ဖြစ်နေစေပါတယ်။ ဒီအခြေအနေမှာ အဓိက ကစားသမားတစ်ဦးလို့ဆိုရလောက်မယ့်မန်စီးတီးက လီယွန်ဆာနေးကို ကစားကွက်နဲ့ အံမ၀င်ဘူး အကြောင်းပြပြီး ချန်လှပ်ခဲ့တဲ့ နည်းပြ ချင်လိုရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်ထိ မှန်ကန်နိုင်မလဲဆိုတာက တော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

play

 

ခြေစစ်ပွဲတစ်လျှောက် ဘယ်လို ဖြတ်ကျော်ခဲ့လဲ?

ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားသို့ သွားရာလမ်းက ခက်ခဲလှတယ်မရှိခဲ့ပါဘူး။ ခြေစစ်ပွဲ အုပ်စုတွင်းမှာ မိမိထက် အင်အားနည်းတဲ့အသင်းတွေနဲ့သာ ကစားခဲ့ရပြီး မြောက်အိုင်ယာလန်၊ချက်၊နော်ဝေး၊အဇာဘိုင်ဂျန်၊ဆန်မာရီနို စတဲ့အသင်းတွေကို ရာနှုန်းပြည့်အနိုင်ယူနိုင်ခဲ့ပြီး ရမှတ် ၃၀ နဲ့ ခြေစစ်ပွဲကို အုပ်စုဗိုလ်နဲ့ တက်လှမ်းခဲ့ပါတယ်။ အဆိုပါ ၁၀ ပွဲမှာ ဂျာမနီရဲ့ သွင်းဂိုးက ၄၃ ဂိုးအထိ ရှိခဲ့ပြီး ပေးဂိုး ၄ဂိုးသာ ပေးခဲ့ရတဲ့ တိုက်စစ်နဲ့ နောက်တန်းက တော့ အားရစရာကောင်းတယ်လို့ ဆိုရမှာပါ။

play

 

အုပ်စုတွင်းအနေအထား?

ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စု(စ)မှာ မက္ကဆီကို၊တောင်ကိုရီးယား၊ဆွီဒင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ဒီအုပ်စုမှာတော့ ဂျာမနီအနေနဲ့ ကျန်အသင်းတွေထက် နှာတစ်ဖျား သာနေတယ်လို့ ယူဆ ရမှာ ဖြစ်ပြီး အုပ်စုမှ တက်ရေး တစ်နေရာစာ လုံလောက်မှု ရှိတယ်လို့ မြင်မိပါတယ်။  လက်ရှိ အုပ်စုတွင်းပြိုင် ဖက်တွေမှာ ဆွီဒင်အသင်းကတော့ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက တွေ့ဆုံခဲ့ဖူးပြီး အဆိုပါ အချိန်က ဂျာမနီအသင်းက တစ်ပွဲနိုင် တစ်ပွဲသရေကျထားပါတယ်။ဒါ့အပြင် ၂၀၁၀ ခုနှစ်တုန်းက ခြေစမ်းပွဲမှာလည်း ဂိုး မရှိသရေကျထားတာကိုကြည့်ခြင်းအားဖြင့် ဂျာမနီအသင်းက နှာတစ်ဖျားသာထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အလားတူ မက္ကဆီကိုအသင်းနဲ့လည်း တွေ့ဆုံထားဖူးတဲ့ ၁၁ ကြိမ်မှာ ၁ ကြိမ်သာ ရှုံးနိမ့်ထားဖူးပြီး ၅ ပွဲ သရေ ၅ ပွဲအထိ အနိုင်ရထားပါတယ်။ဒါကြောင့် မက္ကဆီကိုအသင်းကိုလည်း ပြတ်ပြတ်သားသား အသာရထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။အာရှက တောင်ကိုရီးယားအသင်းကတော့ ဂျာမနီရဲ့ ပြိုင်ဖက်မဟုတ်ပဲ ဒီအုပ်စုမှာ အိမ်ဖြည့် အဆင့်လောက်သာ ပါဝင်နိုင်အုံးမှာလည်း ဖြစ်ပါတယ်။

play

 

ဂျာမနီအသင်း လူစာရင်းအနေအထား?

ဂျာမနီအသင်းရဲ့ လူစာရင်းကတော့ တောင့်တင်းတယ်ဆိုပေမယ့် ၂၀၁၄တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့အသင်းက ကစားသမားတော်တော်များများ အနားယူသွားခဲ့တာကြောင့် လူငယ်မျိုးဆက်သစ်တွေနဲ့အားဖြည့်ထားတာ တွေ့ရပါတယ်။ဂိုးသမားနေရာကတော့ နူအာဆက်လက်ဖမ်းနိုင်ဖို့ရှိနေပြီး နောက်တန်းမှာတော့ မာတီဆက်ကာ အနားယူသွားပြီဖြစ်ပြီး ၂၀၁၄တုန်းက မပါဝင်ခဲ့တဲ့ ဂျင်တာ၊ကင်မစ်ရှ်တို့ ပါဝင်လာတာတွေ့ရပါတယ်။ ဆက်လက်ပြီး ကွင်းလယ်မှာလည်း ရှဝိန်းစတိုင်ဂါ အနားယူသွားပြီဖြစ်ပေမယ့် ခီဒီယာ ဆက်လက် ဦးဆောင်သွားအုံးမှာ ဖြစ်ပြီး တိုနီးခရူးစ်၊မူလာ၊ရူးစ်၊ဂေါ်ရက်ဇ်ကာတို့နဲ့ စုဖွဲ့မှုက တောင့်တင်းမှု ရှိပါတယ်။ တိုက်စစ်ကတော့ ၀ါရင့်တိုက်စစ်မှူး ဂိုမက်ဇ်နဲ့အတူ မူလာ၊၀ါနာနဲ့ ဘရန့်တို့ ပါဝင်လာမှာ ဖြစ်ပြီး ထက်မြက် နေအုံးမှာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဂေါ့ဇီပြန်လည် ပါဝင်လာခြင်းမရှိတာကတော့ ဂျာမနီအသင်းဟာ ကစားသမားတွေကို နာမည်ကြည့်ရွေးခဲ့တာ မဟုတ်ပဲ လက်ရှိ ခြေစွမ်းကိုသာ ကြည့်ပြီး ရွေးချယ်ခဲ့တာကို သေချာ သိမြင်နိုင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်မလားဆိုတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

play

 

ဗိုလ်လုပွဲသို့ သွားရာလမ်း?

ဂျာမနီအသင်းက အုပ်စု(စ)မှာ ပါဝင်နေတာဖြစ်တာကြောင့် ၁၆သင်းအဆင့်မှာတော့ အုပ်စု(င)က အသင်းနဲ့ တွေ့ရဖို့ ရှိနေပါတယ်။အကြောင်းကတော့ ဂျာမနီက အုပ်စုဗိုလ်နဲ့ တက်ခဲ့မယ်ဆိုရင် အုပ်စု(င)က ဒုတိယနဲ့ တက်လာတဲ့အသင်းနဲ့ တွေ့မှာ ဖြစ်ပြီး ဆွစ်ဇာလန်၊ကော်စတာရီကာ၊ဆားဘီးယား တစ်သင်းသင်းနဲ့ တွေ့မယ်လို့ထင်ပါတယ်။အများအားဖြင့် ဆွစ်ဇာလန်က နောက်တစ်ဆင့် အားသာနေပါတယ်။ဆက်လက်ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မယ်ဆိုရင်တော့ အင်္ဂလန်၊ဘယ်လ်ဂျီယံ တစ်သင်းသင်းနဲ့ တွေ့မယ်လို့ ထင်ပါတယ်။အဲ့နောက် ဆီမီးဖိုင်နယ်ကိုတော့ ဘရာဇီးနဲ့ တွေ့ဆုံရဖို့များနေပြီး ဒီတွေ့ဆုံမှုကတော့ ၂၀၁၄ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်လိုပဲ ဘရာဇီး - ဂျာမနီ တွေ့ဆုံမှုဖြစ်စေလာဖို့ရှိနေပါတယ်။ ဘရာဇီးအတွက်တော့ မကျေပွဲနွှဲရမှာဖြစ်ပြီး ဂျာမနီအတွက်တော့ မှတ်ကျောက်တင်ခံရမှာလည်း ဖြစ်ပါတယ်။ဗိုလ်လုပွဲရောက်ခဲ့ရင် တော့ဂျာမနီအတွက် ချန်ပီယံဘွဲ့ကာကွယ်နိုင် ဖို့ရာခိုင်နှုန်းများသွားခဲ့ပါပြီ။

play

 

ဖြစ်နိုင်ဖွယ် လူစာရင်း?

နည်းပြဂျိုအာချင်လိုကတော့ နောက်ဆုံးခြေစမ်းပွဲစဉ်တွေမှာ အသုံးပြုခဲ့တဲ့ လူစာရင်းကိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်အသုံးပြုသွားမယ်လို့ ထင်ပါတယ်။

ဂိုး - နူအာ

နောက်တန်း - ကင်မစ်ရှ် ၊ ဘိုတန် ၊ ဟန်းမဲလ် ၊ ဂျိုးနက်ဟက်တာ

အလယ်တန်း - ခီဒီရာ ၊ တိုနီခရူးစ်၊ မူလာ ၊ ရူးစ် ၊ ဒရက်ဇ်လာ

ရှေ့တန်း - ၀ါနာ တို့ က အဓိက ပွဲထွက်ကစားသမားတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။

play

ခန့်မှန်းချက်?

ဂျာမနီအသင်းအတွက် အုပ်စု ပထမရဖို့သာ အာရုံစိုက်ရမှာပါ။အုပ်စုတွင်း ပြိုင်ဖက် ၃ သင်းက ဂျာမနီအတွက် ပြိုင်ဖက်ကောင်းတွေ မဟုတ်ပါဘူး။ခြေစမ်းပွဲ ၆ ပွဲမှာ နိုင်ပွဲတစ်ပွဲတည်းသာ ရထားတဲ့ ဂျာမနီအသင်းရဲ့ ခြေစွမ်းက မေးခွန်းထုတ်ချင်စရာ ရှိပေမယ့် ခြေစစ်ပွဲက ခြေစွမ်းတွေကတော့ ရာနှုန်းပြည့်နီးပါး ကောင်းမွန်ခဲ့တာ တွေ့ရမှာပါ။လက်ရှိချန်ပီယံလည်း ဖြစ်တဲ့ ဂျာမနီအတွက် အနိမ့်ဆုံး ဆီမီးဖိုင် နယ်အထိ တက်လှမ်းမယ်လို့ ယုံကြည်ထားပြီး ဗိုလ်လုပွဲကို ထပ်မံ တက်လှမ်းနိုင်ခဲ့ပါက နှစ်ထပ်ကွမ်း ချန်ပီယံ တောင် ဖြစ်နိုင်ချေပိုများနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD