AD
AD
AD

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အားပေးကြတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားအသင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အဆိုပါ ဘောလုံးအသင်းနှစ်သင်းရဲ့ အလံတွေကို နေရာတကာမှာ တွေ့နေရပြီး အချို့ကတော့ အလံများလွှင့်ထူမှုကို တားမြစ်ပိတ်ပင်စေကြတယ်လို့လည်း ဆိုပါတယ်။

play


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်း ဘန်ဒါမြို့ငယ်လေးမှာ ဘရာဇီးနဲ့ အာဂျင်တီးနား ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဓားရှည်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြရာ အမျိုးသားတစ်ဦးနဲ့ ၎င်းရဲ့သားဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ထိုအတောအတွင်း အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာလည်း ဓာတ်တိုင်ပေါ်တက်ပြီး ဘရာဇီးအလံ လွှင့်ထူရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။ ရုရှားမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မစတင်မီ သီတင်းပတ်အလိုကတည်းက ဘင်္ဂလားဒေ့ရှ် မြို့တွေမှာ ဘရာဇီးနဲ့ အာဂျင်တီးနား အလံတွေကို နေရာအနှံ့ တွေ့နေခဲ့ရတာလည်း ဖြစ်ပါတယ်။

play


ထိုအသင်းနှစ်သင်းကို အားပေးကြတဲ့ ဘောလုံးပရိသတ်တွေက ၎င်းတို့ရဲ့ အမာခံအားပေးမှုကို ပြသလိုတာကြောင့် သက်ဆိုင်ရာအလံတွေကို ဝယ်ယူထားခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း မတ်ဒါဂန်ဂ်ျမြို့မှာ ရာနဲ့ချီတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနား ပြိုင်ဘက်ပရိသတ်တွေက မော်တော်ဆိုင်ကယ်များဖြင့် အသင်းအလံများကိုင်ဆောင်ကာ အပြိုင်အဆိုင် လှည့်လည်ခဲ့ကြပါတယ်။

"သူတို့က နောက်ထပ် ဒီလိုမျိုး အရူးအမူး အားပေးမှုတွေလုပ်ကြဖို့ တိုင်ပင်နေကြတယ်၊ တစ်မြို့လုံးမှာ နှစ်ဖက်ပရိသတ်က အားပြိုင်နေတာကို တွေ့နိုင်ပါတယ်" လို့ ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ မိုဟမ်မက်ရာဖစ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

play


ဘင်္ဂလားဒေ့ရှ်လူမျိုးအချို့ကတော့ ယခုကဲ့သို့ စိတ်အားထက်သန်စွာ အပြိုင်အဆိုင် အားပေးနေကြတဲ့လုပ်ရပ်တွေကို ရပ်တန့်စေချင်ကြတယ်လို့ ဆိုပါတယ်။ ရှေ့နေတစ်ဦးက နိုင်ငံအတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေရဲ့အလံများ လွှင့်ထူခြင်းကို တားမြစ်ပိတ်ပင်ရန် တရားရုံးအမိန့် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ Barisal တက္ကသိုလ်မှာတော့ ကျောင်းသူကျောင်းသား ၇,၀၀၀ ကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံတွေရဲ့အလံများ ကျောင်းဝင်အတွင်း လွှင့်ထူခြင်းမပြုကြရန် တားမြစ်ထားပါတယ်။ "အစိုးရက နိုင်ငံခြားတိုင်းပြည် အလံတွေကို လွှင့်ထူတာကို ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးမှာ လုံးဝ တားမြစ်ပိတ်ပင်သင့်ပါတယ်" လို့ Barisal တက္ကသိုလ်မှ အကြီးအကဲ S M Imamul Haq က ပြောခဲ့ပါတယ်။

play


ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်ကြိမ်မျှ ခြေစစ်ပွဲမအောင်ခဲ့ဘဲ အနာဂတ်မှာလည်း ခြေစစ်ပွဲအောင်ရန် အခွင့်အရေး အနည်းငယ်မျှသာရှိပေမဲ့ တစ်နိုင်ငံလုံးက ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ရူးသွပ်စွာ အားပေးကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးကြရမှာလည်း ၎င်းတို့နဲ့ ဆက်စပ်မှုမရှိတဲ့ တောင်အမေရိက ထိပ်သီးနှစ်သင်းကို အရူးအမူး နှစ်သက်အားပေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်ရွေးစင်ဘောလုံးအသင်းကတော့ လက်ရှိမှာ ကမ္ဘာ့နိုင်ငံအသင်း ၂၁၁ အသင်းအနက် အဆင့်သတ်မှတ်ချက် ၁၉၄ ကို ရောက်ရှိနေကြောင်းလည်း သိရပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို မော်စကို၊ စိန့်ပီတာစဘတ်နဲ့ ဆိုချီ အပါအဝင် ရုရှားနိုင်ငံတစ်ဝှမ်း မြို့ကြီးများရှိ ဘောလုံးကွင်း ၁၂ ကွင်းမှာ ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားပါတယ်။

- World Cup 2018 သတင်းများဖတ်ရှုရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD