AD
AD
AD

စပိန်လက်ရွေးစင်အသင်းဟာ ယနေ့နံနက်က အသင်းရဲ့နည်းပြ ဂျူလန်လော့ပတယ်ဂီကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် စပိန်လက်ရွေးစင်နောက်ခံကစားသမားဟောင်း ဖာနန်ဒိုဟီယားရိုးကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

play

 

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဟီယားရိုးဟာ ရီးရဲမက်ဒရစ်အသင်းမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ကစားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၄၃၉ ပွဲ ကစားပေးခဲ့ပါတယ်။ ဗဟိုခံစစ်ကစားသမားဖြစ်တဲ့ ဟီယားရိုးဟာ ဘော်လ်တန်အသင်းမှာ ကစားရင်း ၂၀၀၅ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

play

 

၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ရီးရဲမက်ဒရစ်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ လာလီဂါဒုတိယတန်းအသင်းဖြစ်တဲ့ ရီးရဲအိုဗီဒိုကို တစ်ရာသီနည်းပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖာနန်ဒိုဟီယားရိုးဟာ စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်လာခဲ့ပြီဖြစ်ပြီး စပိန်အသင်းပါဝင်နေတဲ့ အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်ချိန်အနည်းငယ်သာရရှိမှာဖြစ်ပါတယ်။

play

 

စပိန်လက်ရွေးစင်အသင်းက ဖာနန်ဒိုဟီယားရိုးကို ရုရှားမှာ ကျင်းပပြုလုပ်မယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် တာဝန်ယူကိုင်တွယ်စေမှာဖြစ်ပြီး ရလဒ်ကောင်းမွန်မှသာ ရေရှည်လက်တွဲသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD